Realme ကတော့ ဈေးကွက်ကြီးထွားမှုအမြန်ဆုံး brand ပါ

ကမ္ဘာ့ဒုတိယအကြီးဆုံး စမတ်ဖုန်းဈေးကွက်ဖြစ်လာတဲ့ အိန္ဒိယမှာ Samsung ဟာ ဒုတိယနေရာကို လက်လွတ်လိုက်ရပါတယ်။


အိန္ဒိယစမတ်ဖုန်းဈေးကွက်ဟာ ပြီးခဲ့တဲ့နှစ်ထဲမှာ အပြောင်းအလဲသစ်တွေနဲ့ ကြုံခဲ့ရပါတယ်။ CounterPoint သုတေသနကုမ္ပဏီရဲ့ အချက်အလက်တွေအရ အိန္ဒိယဟာ ၂၀၁၉ ခုနှစ်အတွင်း စမတ်ဖုန်းအလုံးရေ ၁၅၆ သန်း တင်ပို့ရောင်းချနိုင်ခဲ့ပြီး အရင် ကမ္ဘာ့ဒုတိယအကြီးဆုံး စမတ်ဖုန်းဈေးကွက်ဖြစ်တဲ့ အမေရိကန်ကို ကျော်တက်နိုင်ခဲ့တယ်လို့ ခန့်မှန်းပါတယ်။




Photo: gizmochina

၂၀၁၉ ခုနှစ်အတွင်းမှာ တရုတ်ဖုန်း brand တွေဖြစ်တဲ့ Xiaomi ၊ OPPO ၊ Vivo နဲ့ Realme တို့ရဲ့ ထုတ်ကုန် ၇၂% ဟာ အိန္ဒိယဈေးကွက်ကို တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ အိန္ဒိယဈေးကွက်မှာ Xiaomi ဟာ ၂၀၁၈ စတုတ္ထသုံးလပတ်အတိုင်း ဈေးကွက်ဝေစု ၂၇% နဲ့ ထိပ်ဆုံးက ရှိထားပြီး Vivo ကုမ္ပဏီဟာ ဈေးကွက်ဝေစု ၁၀% ကနေ ၂၁% ဆီ ခုန်တက်လာခဲ့တယ်လို့ CounterPoint ဈေးကွက်သုတေသနအချက်အလက်တွေက ဆိုပါတယ်။

Vivo ထုတ် mid-range တန်းဝင် U မော်ဒယ်နဲ့ Z မော်ဒယ်စီးရီးတွေဟာ အိန္ဒိယဈေးကွက်မှာ အဝယ်လိုက်နေပြီး နှစ်အလိုက် ဈေးကွက်ဖွံ့ဖြိုးမှုမှာလည်း ၇၆% အထိ ရှိနေပါတယ်။ အိန္ဒိယရဲ့ ထိပ်တန်းစမတ်ဖုန်းကုမ္ပဏီ ၅ ခု စာရင်းမှာ ပဉ္စမနေရာက ရှိထားတဲ့ Realme ဟာ ဈေးကွက်ကြီးထွားမှု အမြန်ဆုံးဖုန်း brand ဖြစ်ပြီး ၂၀၁၉ ခုနှစ်အတွင်း ၂၅၅% အထိ တိုးတက်မှု ရှိခဲ့ပါတယ်။


Photo: techcrunch

၂၀၁၇ နောက်ဆုံး သုံးလပတ်ကစပြီး အိန္ဒိယရဲ့ ဒုတိယအကြီးဆုံး စမတ်ဖုန်းကုမ္ပဏီနေရာ ရောက်သွားတဲ့ Samsung ဟာ ၂၀၁၈ စတုတ္ထသုံးလပတ်အတွင်း ဈေးကွက်ဝေစု ၂၀% ရှိရာကနေ ၂၀၁၉ စတုတ္ထသုံးလပတ်မှာ ၁၉% ကို ကျဆင်းလာပါတယ်။ Samsung ဟာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းကပဲ အိန္ဒိယမှာ ကမ္ဘာ့အကြီးဆုံး ဖုန်းစက်ရုံတည်ထောင်ခဲ့သလို display စက်ရုံဆောက်ဖို့ ဒေါ်လာ သန်း ၅၀၀ ရင်းနှီးမြှပ်နှံခဲ့ပါတယ်။

Samsung ရဲ့ A series နဲ့ M series တို့ဟာ mid-range ဖုန်းတွေ ဖြစ်ပေမယ့် ဈေးနှုန်းအရ တရုတ်ဖုန်းကုမ္ပဏီတွေထက် သိသိသာသာများနေပါတယ်။ အိန္ဒိယမှာ တည်ဆောက်လည်ပတ်သွားမယ့် စမတ်ဖုန်းနဲ့ display စက်ရုံတွေကြောင့် ကုမ္ပဏီအနေနဲ့ အရည်အသွေးကောင်းပြီး ဈေးပိုသက်သာတဲ့ ဖုန်းတွေ မိတ်ဆက်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က