မိသားစုနဲ့ အပန်းဖြေခရီးထွက်မှာပါ။

အာဂျင်တီးနားအသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီဟာ အင်ဒိုနီးရှားနဲ့ ကစားမယ့် ခြေစမ်းပွဲကို ပါဝင်မှာ မဟုတ်တော့ဘူးလို့ သိရပါတယ်။ မနေ့က ကစားခဲ့တဲ့ ဩစတြေးလျနဲ့ပွဲမှာ ပွဲချိန်ပြည့်ကစားပေးခဲ့ပြီး အဖွင့်ဂိုးလည်း သွင်းပေးခဲ့တဲ့ မက်ဆီ မပါဝင်ဘူးဆိုရင် ဒါဟာ အင်ဒိုပရိသတ်တွေအတွက်တော့ စိတ်ပျက်စရာဖြစ်လာမှာ သေချာပါတယ်။ 

ဒီပွဲကိုတော့ ဂျာကာတာမှာ ကစားမှာဖြစ်ပြီး မက်ဆီအပြင် အခြားသောကစားသမားတချို့လည်း မပါဝင်နိုင်ဘူးလို့ ဆိုပါတယ်။ အသက် ၃၅ နှစ်အရွယ် မက်ဆီဟာ ဒီပွဲကို မကစားတော့ဘဲ မိသားစုနဲ့အတူ အားလပ်ရက်အပန်းဖြေခရီးသွားမှာ ဖြစ်ပြီး အဲဒီနောက်မှာ အင်တာမိုင်ယာမီနဲ့ စာချုပ်ချုပ်ဆိုသွားမှာ ဖြစ်ပါတယ်။ 

အာဂျင်တီးနားအသင်းနည်းပြ စကာလိုနီက " မက်ဆီကို ဒီပွဲမှာ မပါဝင်ဖို့ ကျနော်ဆုံးဖြတ်ခဲ့တာပါ၊ သူက မိသားစုနဲ့အတူ ခရီးထွက်ပါလိမ့်မယ်၊ သူနဲ့အတူ ဒီမာရီယာ၊ အော်တာမန်ဒီတို့ကိုလည်း ကျနော်ခွင့်ပြုပေးခဲ့ပါတယ်" လို့ ပြောဆိုခဲ့ပြီး အင်ဒိုနိးရှား ပရိသတ်တွေကတော့ ဒီအပေါ်မှာ ဝေဖန်မှုတွေ လုပ်နေကြပါတယ်။ 


"မက်ဆီက မလာတော့ဘူးပေါ့၊ ငါတို့က ဘာလုပ်ရမှာလဲ၊ သူက အင်ဒိုနီးရှားလို အသင်းငယ်လေးနဲ့ မကစားချင်တာလား၊ တကယ်ဝမ်းနည်းဖို့ကောင်းပါတယ်" လို့ Zaq Huzaifah ဆိုသူ ပရိသတ်တဦးက ပြောဆိုခဲ့ပါတယ်။ အင်ဒိုနီးရှားပရိသတ်တ​ွေဟာ ဒီပွဲကို အရမ်းမျှော်လင့်ထားကြတာဖြစ်ပြီး မက်ဆီမပါဝင်ဘူးဆိုရင်တော့ စိတ်ဝင်စားမှုတွေ လျော့ကျသွားမှာလည်း သေချာပါတယ်။ 

Share

Loading Next Article...
က္က