အင်ဒိုနီးရှားကို ကစားကွက်အရရော၊ တဦးချင်းမှာပါ မယှဉ်နိုင်ခဲ့ပါဘူး။

မြန်မာအသင်းရဲ့ ၂၀၂၃ ဆီးဂိမ်း အုပ်စု ဒုတိယမြောက်ပွဲစဉ်ကတော့ အင်ဒိုနီးရှားကို ဂိုးတြပ်အရေးနိမ့်သွားခဲ့ပါတယ်။ အင်ဒိုနီးရှားရဲ့ ကောင်းမွန်တဲ့ ကစားကွက်နဲ့ တဦးချင်းစီရဲ့ စွမ်းရည်သာလွန်မှုကို မြန်မာအသင်းမယှဉ်နိုင်ခဲ့ဘဲ ဂိုးပြတ်ရှုံးခဲ့တာပါ။ အင်ဒိုနီးရှားက ပွဲစကနေ ပွဲဆုံးထိ ဖိအားပေးကစားသွားခဲ့ပြီး လှပတဲ့ ကန်ချက်တွေနဲ့ ဂိုးတွေ ရယူသွားခဲ့ပါတယ်။ 

ပထမပိုင်းမှာ ၂ဂိုးသွင်းယူခဲ့ပြီးတော့ အင်ဒိုနီးရှားဟာ အဝေးကန်သွင်းချက်တွေကနေ ဂိုးတွေရယူတဲ့နေရာမှာ ကောင်းမွန်လှပါတယ်။ Set Pieces တွေမှာလည်း အင်ဒိုနီးရှားက ထောင့်ကန်ဘော၊ လက်ပစ်ဘောတွေကအစ သေချာဂရုတစိုက်နဲ့ လေ့ကျင့်ထားတာကို သတိထားမိပြီး သူတို့ရဲ့ ပြိုင်ဘက်အပေါ်​ နေရာစုံကနေ ဖိအားပေးနိုင်ဖို့ ပြင်ဆင်ထားမှုကလည်း အသိအမှတ်ပြုရမှာပါ။ 

မြန်မာအသင်းကတော့ အခွင့်အရေးအနည်းငယ်သာရခဲ့ပြီး အဲဒါကိုလည်း အသုံးမချနိုင်ခဲ့ပါဘူး။ အထူးသဖြင့် အင်ဒိုနီးရှားလို တဦးချင်းပိုင်ပိုင်နိုင်နိုင်ကစားမှုရော၊ ကစားကွက်မှာရော၊ ဘောလုံးပိုင်ဆိုင်မှုရထားချိန် ခေါင်းအေးအေးထားပြီး ကစားတတ်တဲ့အပိုင်းမှာပါ အားနည်းနေခဲ့ပြီး အခုလို အရေးနိမ့်သွားခဲ့တာပါ။ 


မြန်မာဂိုးသမားရဲ့ ကာကွယ်မှုတချို့သာ မရှိခဲ့ဘူးဆိုရင် ဒီထက်မက ဂိုးပြတ်သွားနိုင်ခဲ့ပြီး ပိုမိုဆိုးရွားတဲ့ ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရဖို့ရှိပါတယ်။ အုပ်စုတွင်းအဓိကပြိုင်ဘက်ကို အရေးနိမ့်ခဲ့တာကြောင့် မြန်မာအသင်းဟာ ဖိလစ်ပိုင်နဲ့ အိမ်ရှင်ကမ္ဘောဒီးယားကို မဖြစ်မနေအနိုင်ကစားဖို့ လိုအပ်နေပြီး ဆီမိးဖိုင်နယ်ကို တက်ရောက်နိုင်ဖို့ကတော့ မသေမချာဖြစ်လာခဲ့ပါပြီ။ 

Share

Loading Next Article...
က္က