ကျောင်းသား ၁၅၀ ဟာ Cileueur မြစ်ကမ်းနားတစ်လျှောက် အမှိုက်ရှင်းလင်းရေးမှာ ပါဝင်ခဲ့ကြပါတယ်

အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ်မှာ မြစ်ကမ်းနားတစ်လျှောက် အမှိုက်ရှင်းလင်းရေးလုပ်ဆောင်စဥ် ကျောင်းသား ၁၁ ဦး ရေနစ်သေဆုံးခဲ့ပြီး အခြား ၁၀ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း အစိုးရတာဝန်ရှိသူတွေက ယနေ့ (အောက်တိုဘာ ၁၆ ရက်) ပြောပါတယ်။

(Photo: AP)

ဒေသဆိုင်ရာ တာဝန်ရှိသူတွေရဲ့အဆိုအရ အစ္စလာမ်မစ်အထက်တန်းကျောင်းတစ်ကျောင်းမှ ကျောင်းသား ၁၅၀ ဟာ သောကြာနေ့ (အောက်တိုဘာ ၁၅ ရက်) က Cileueur မြစ်ကမ်းနားတစ်လျှောက် အမှိုက်ရှင်းလင်းရေးမှာ ပါဝင်ခဲ့ပြီး ၎င်းတို့အနက် ၂၁ ဦးဟာ ရေထဲကို ခြေချောကျသွားခဲ့ကြတယ်လို့ သိရပါတယ်။



"ရာသီဥတုက ကောင်းနေခဲ့ပါတယ်၊ ရုတ်တရက် ရေကြီးမှု မရှိခဲ့ဘူး" လို့ Bandung ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးရုံး အကြီးအကဲ Deden Ridwansyah က ပြောပါတယ်။ "တစ်ယောက်နဲ့တစ်ယောက် လက်တွဲထားကြတဲ့ ဒီကလေးတွေ ရေနစ်သေဆုံးခဲ့ကြတာပါ၊ သူတို့ထဲက တစ်ယောက်က ခြေချော်ကျသွားပြီး တခြားသူတွေပါ ရေထဲကျသွားခဲ့ကြတယ်" လို့ ၎င်းကဆိုပါတယ်။

(Photo: AP)

ရေထဲကျသွားတဲ့ ကျောင်းသား ၁၀ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး အနီးအနားရှိ ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း Cileueur မြစ်အနီးမှ ဒေသခံတွေက ပြောပါတယ်။ ကယ်ဆယ်ရေးသမားတွေက ရေနစ်သွားတဲ့ ကျောင်းသားတွေကို ရာဘာလှေများနဲ့ လိုက်လံရှာဖွေနေခဲ့ကြပြီး သောကြာနေ့ညပိုင်းမှာ ကျောင်းသားတွေရဲ့အလောင်းများအားလုံး ပြန်ရှာတွေ့ခဲ့ပါတယ်။ ြစ်ကမ်းနားတစ်လျှောက် အမှိုက်ရှင်းလင်းရေးလုပ်ခဲ့ကြတဲ့ ကျောင်းသားတွေဟာ အသက်ကယ်အင်္ကျီ ဝတ်မထားခဲ့ကြဘူးလို့ ဆိုပါတယ်။

သတင်းအချို့ကတော့ အဆိုပါ ကျောင်းသားတွေက မြစ်ကိုဖြတ်ကူးရန် ကြိုးစားခဲ့စဥ် ရေနစ်သွားခဲ့ကြတယ်လို့ ပြောပါတယ်။ တောင်တန်းဒေသတွေနဲ့ ရေကြီးမှုကြုံရလေ့ရှိတဲ့ လွင်ပြင်တွေမှာ လူဦးရေ သန်းနဲ့ချီ နေထိုင်ကြတဲ့ အင်ဒိုနီးရှားမှာ မိုးရွာသွန်းမှုကြောင့် မြေပြိုမှုနဲ့ ရုတ်တရက် ရေကြီးမှုတွေ မကြာခဏ ဖြစ်ပေါ်တတ်ပါတယ်။ ယမန်နှစ် ဖေဖေါ်ဝါရီလအတွင်းကလည်း Yogyakarta ပြည်နယ် Sleman ခရိုင်မှာ ရုတ်တရက် ရေကြီးမှုအတွင်း ကျောင်းသားခြောက်ဦး မြစ်အတွင်း ရေနစ်သေဆုံးခဲ့ပါတယ်။

Ref: AP


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က