ကစားသမားတွေကို ၆ လပွဲပယ်ခဲ့ပြီး နည်းပြတွေကို ၁ နှစ် ပိတ်ပင်ခဲ့ပါတယ်။

ကမ္ဘောဒီးယားဆီးဂိမ်း အမျိုးသားဘောလုံးဗိုလ်လုပွဲမှာ အင်ဒိုနီးရှားယူ-၂၂ အသင်းနဲ့ ခိုက်ရန်ဖြစ်ပွားမှုမှာ ပါဝင်ခဲ့တဲ့ ထိုင်းကစားသမားတွေကို အပြစ်ဒဏ်တွေ ချမှတ်ခဲ့ပြီလို့ ထိုင်းဘောလုံးအဖွဲ့ချုပ်က ကြေညာခဲ့ပါတယ်။ ဗိုလ်လုပွဲမှာ ထိုင်းကစားသမားတွေနဲ့ နည်းပြအဖွဲ့ဝင်တွေဟာ အင်ဒိုနီးရှားအရန်ခုံတန်းဘက်ကို သွားရောက်အောင်ပွဲခံရာကနေ အစပြုပြီး ရုပ်ဆိုးအကျည်းတန်တဲ့ ဖြစ်ရပ်တွေ ဖြစ်ခဲ့တာပါ။ 

အဲဒီပွဲမှာ အင်ဒိုနီးရှားက အချိန်ပိုမှာ ၃ ဂိုးထပ်သွင်းကာ ၅-၂ န​ဲ့ အနိုင်ရပြီး ရွှေတံဆိပ်ဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ နှစ်ဖက်အသင်းသားတွေနဲ့ နည်းပြအဖွဲ့ဝင်တွေဟာ ကိုယ်ထိလက်ရောက်ကျုးလွန်မှုတွေ ရှိခဲ့ကြပြီး အင်ဒိုဘောလုံးအသင်းရဲ့ တာဝန်ရှိသူတဦးအဖြစ် လိုက်ပါတဲ့ အင်ဒိုရဲမှူးကြီးလည်း အထိုးကြိတ်ခံခဲ့ရပါတယ်။ 

ထိုင်းဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့ရာမှာတော့ ကစားသမားနှစ်ဦးဖြစ်တဲ့ တီရာပက်ခ် နဲ့ ဆိုပွန်ဝစ်တို့ကို ၆ လ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့ပြီး နည်းပြအဖွဲ့ဝင် ၃ ဦးကိုတော့ ၁ နှစ်ကြာ ထိုင်းအသင်းရဲ့ ဘယ်လိုအသင်းမျိုးမှာမှ တာဝန်ယူခွင့်မရှိစေရဘူးဆိုတဲ့ ပြစ်ဒဏ်တွေ ချမှတ်သွားခဲ့တာကို တွေ့ရပါတယ်။ 

ဗိုလ်လုပွဲအပြီးမှာလည်း ထိုင်းကစားသမားတဦးက ဆုချီးမြှင့်နေချိန်မှာ တာဝန်ရှိသူက ပေးအပ်တာကို စောင့်ဆိုင်းမနေဘဲ သူ့ဘာသာသူ ယူဆောင်သွားခဲ့ကာ လာဘ်ကောင်ရုပ်ကို စင်ပေါ်က ပရိသတ်တွေဆီ ပစ်ပေးခဲ့ပါသေးတယ်။ သူ့ရဲ့ အပြုအမူအတွက်လည်း ထိုင်းအသင်း ဝေဖန်ခံခဲ့ရပြီး ဆုချီးမြှင့်ဖို့ တာဝန်ကျသူကိုယ်တိုင် အံ့အားသင့်ခဲ့ရပါသေးတယ်။ 

Share

Loading Next Article...
က္က