ယူရိုပါလိဂ်ဝင်ခွင့်သာ ရခဲ့တာကို ဆိုလိုခဲ့တာပါ။

လီဗာပူးလ်နည်းပြယာဂင်ကလော့ပ်က သူတို့အသင်းအနေနဲ့ ယူရိုပါလိဂ်ကိုသာ ဝင်ရောက်ကစားခွင့်ရမှာဖြစ်ပေမယ့် ဥရောပပွဲကစားမယ့် ညတွေကို ပိုင်ဆိုင်နေဦးမှာဖြစ်တယ်လို့ ဖွင့်ဟလိုက်ပါတယ်။ ယူနိုက်တက်က ချယ်လ်ဆီးကို အနိုင်ရရှိခဲ့ပြီးနောက် လီဗာပူးလ်ဟာ ချန်ပီယံလိဂ်ဝင်ခွင့် ဆုံးရှုံးခဲ့ပြီဖြစ်ကာ ကလော့ပ်လက်ထက် ရာသီပြည့်ကိုင်တွယ်ခဲ့ချိန်မှာ ပထမဆုံးအကြိမ် ယူရိုပါလိဂ်ကို ဝင်ကစားရတာဖြစ်ပါတယ်။ 

ပရီးမီးယားလိဂ်ကနေ ချန်ပီယံလိဂ်ဝင်ခွင့်ကို မန်စီးတီး၊ အာဆင်နယ်၊ နယူးကာဆယ်နဲ့ မန်ချက်စတာယူနိုက်တက်တို့ ရရှိခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးလ်ဟာ ရာသီနောက်ပိုင်းပွဲတွေကို ရလဒ်ကောင်းတွေ ဆက်တိုက်ရရှိအောင် ကစားနိုင်ခဲ့ပေမယ့်လည်း သူတို့ရဲ့ အားထုတ်မှုက မဆိုသလောက်လေး နောက်ကျနေခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့ပြီဖြစ်ပါတယ်။ 



ကလော့ပ်က နောက်ရာသီမှာလည်း ကျနော်တို့ ဥရောပညတွေကို ပိုင်ဆိုင်မှာပါ၊ အင်္ဂါနဲ့ ဗုဒ္ဓဟူးနေ့အစား ကြာသပတေးနေ့ ဖြစ်သွားတာပါ၊ ကျနော်ကတော့ ဂရုမစိုက်ပါဘူး၊ ဘဏ္ဍာရေးအရကြည့်မယ်ဆိုရင် ဒါက ပြသနာကြီးတခုပါ၊ ဘောလုံးအမြင်အရဆိုရင်တော့ ဥရောပပွဲတွေ ကျနော်တို့ ကစားရမှာပဲလေ လို့ ပြောဆိုခဲ့ပါတယ်။ 

ကလော့ပ်ကတော့ လီဗာပူးလ်နည်းပြဘ၀မှာ ယူရိုပါလိဂ်ကို ယှဉ်ပြိုင်ဖူးခြင်းမရှိတာကြောင့် အဆိုပါဖလားကို အသင်းနဲ့အတူ ဆွတ်ခူးဖူးခြင်းမရှိပါဘူး။ တကယ်လို့သာ လာမယ့်ရာသီ ယူရိုပါလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့မယ်ဆိုရင်တော့ လီဗာပူးလ်နဲ့အတူ ဆုဖလားအားလုံး ဆွတ်ခူးနိုင်တဲ့ နည်းပြအဖြစ် မှတ်တမ်းဝင်လာမှာ ဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က