နှစ်ဆင့်အထိ ကာကွယ်ပြီး သူရဲကောင်းဖြစ်ခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ အင်္ဂလန်ယူ-၂၁ နဲ့ စပိန်ယူ-၂၁ တို့ရဲ့ ယူရို ယူ-၂၁ ချန်ပီယံရှစ် ဗိုလ်လုပွဲမှာ အင်္ဂလန် ယူ-၂၁ က ပါးလ်မားရဲ့ တစ်လုံးတည်းသော ဖရီးကစ်သွင်းဂိုးနဲ့ အနိုင်ရရှိကာ ဗိုလ်စွဲသွားခဲ့ပါတယ်။ ဒါ့အပြင် ဒီပွဲမှာ အင်္ဂလန် ယူ-၂၁ ရဲ့ ဂိုးသမားလေး ဂျိမ်းစ်ထရက်ဖို့ဒ်ကလည်း အဆုံးအဖြတ် ပင်နယ်တီကို အဆုံးအဖြတ်မိနစ်မှာ နှစ်ဆင့် ကာကွယ်ပြီး သူရဲကောင်းဖြစ်သွားခဲ့ပါတယ်။



ကိုလ်ဝဲလ်တစ်ယောက် အေဘယ်လ်ရုဇ်ကို ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် ကွင်းလယ်ဒိုင်က VAR နဲ့ အဆုံးအဖြတ်ခံယူကာ ပင်နယ်တီ သတ်မှတ်ပေးခဲ့ပါတယ်။ ဒီအချိန်က ပွဲကစားချိန် (၉၈) မိနစ်အထိ ဖြစ်နေပြီး စပိန်ယူ-၂၁ တို့ ချေပဂိုးရရှိဖို့ အကောင်းဆုံး အခွင့်အရေးတစ်ရပ်ကို ပင်နယ်တီနဲ့ ပိုင်ဆိုင်ခဲ့တာပါ။


ဒါပေမယ့်လည်း အေဘယ်လ်ရုဇ်ရဲ့ ပင်နယ်တီကန်ချက်ကို အင်္ဂလန်ယူ-၂၁ ရဲ့ မန်စီးတီးဂိုးသမားလေး ဂျိမ်းစ်ထရက်ဖို့ဒ်က ပုတ်ထုတ်ကာကွယ်နိုင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာ စပိန်ယူ-၂၁ ရဲ့ ကစားသမား ဒါရီယန်မေးလ်စ်ကလည်း ထပ်ဆင့်အဆုံးသတ်ခဲ့သေးပေမယ့် ထရက်ဖို့ဒ်ကပဲ ထပ်မံ အစွမ်းပြ ကာကွယ်နိုင်ခဲ့ပါတယ်။

ဒီလိုမျိုး စွမ်းဆောင်မှုကြောင့်ပဲ အင်္ဂလန် ယူ-၂၁ က ဒီနှစ် ယူရို ယူ-၂၁ ပြိုင်ပွဲမှာ တစ်ဂိုးမှမပေးလိုက်ရဘဲ ပြိုင်ပွဲမှာလည်း ဗိုလ်စွဲသွားခဲ့ပါတယ်။ ပွဲအပြီး အင်တာဗျူးမှာတော့ ထရက်ဖို့ဒ်က “အသင်းအတွက်၊ မိသားစု၊ သူငယ်ချင်းတွေ၊ နည်းပြအဖွဲ့ဝင်တွေအတွက် ကျွန်တော် အရမ်းကို ပျော်ရွှင်မိပါတယ်။ ဒါကပဲ ကျွန်တော်တို့ အစပိုင်းမှာ ပစ်မှတ်ထားခဲ့တဲ့အရာဖြစ်ပြီး နောက်ဆုံးမှာတော့ ဆွတ်ခူးနိုင်ခဲ့ပါတယ်”

“ဒီအတွက်လည်း ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူနေကြပါတယ်။ ကျွန်တော့်အနေနဲ့ အခုထက် ပိုမို ပြီးပြည့်စုံအောင် ကစားနိုင်ခဲ့သင့်ပါတယ်။ ပွဲကန်မယ့် နံနက်ခင်းမှာ ကျွန်တော်က လူတိုင်းကို ဒီပွဲမှာသာ ပင်နယ်တီပေးရရင် ဒီပင်နယ်တီကို ငါ ကာကွယ်ပြမယ်ဆိုပြီး လိုက်ပြောခဲ့တာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က