အင်္ဂလန်လက်ရွေးစင် အသင်းခေါင်းဆောင် ဟယ်ရီကိန်းက ဘော့စနီးယားနဲ့ ခြေစမ်းပွဲမှာ အသင်းအတွက် အဖွင့်ဂိုးသွင်းယူခဲ့တဲ့ ကိုးလ်ပါးလ်မားနဲ့ ပတ်သက်လို့ ချီးကျူးစကား ပြောကြားခဲ့ပါတယ်။ အဆိုပါပွဲမှာ အင်္ဂလန်တို့ သုံးဂိုးပြတ်နဲ့ အနိုင်ရခဲ့သလို ပါးလ်မားကလည်း ခြေစွမ်းပြခဲ့တာပါ။
ပါးလ်မားဟာ ပြီးခဲ့တဲ့ ရာသီ ပရီးမီးယားလိဂ်မှာလည်း ချဲလ်ဆီးနဲ့အတူ အကောင်းဆုံး ခြေစွမ်းပြခဲ့ပြီး ချဲလ်ဆီးရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပါသေးတယ်။ ဒီလိုမျိုး ခြေစွမ်းတွေကြောင့်လည်း အင်္ဂလန်ရဲ့ ယူရို - ၂၀၂၄ ဆန်ခါတင် ကစားသမားစာရင်းမှာ ပါဝင်လာခဲ့တာပါ။
အဲ့ဒီနောက် ဘော့စနီးယားနဲ့ပွဲမှာ ဂိုးပါသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီလိုမျိုး ပါးလ်မားနဲ့ ပတ်သက်လို့ ဟယ်ရီကိန်းက “ပါးလ်မားက အံ့အားသင့်ဖွယ် ဘောလုံးရာသီတစ်ခုကို ပိုင်ဆိုင်ခဲ့တာပါ။ အသင်းပြောင်းရတယ်ဆိုတာ ဘယ်တုန်းကမှ မလွယ်ကူပါဘူး။ သူ့အတွက်လည်း အတူတူပါပဲ”
“ဒါပေမယ့် သူ ချဲလ်ဆီးနဲ့ ပထမဆုံးရာသီမှဦ စွမ်းဆောင်ပြခဲ့တာတွေအတွက် ချီးကျူးရပါလိမ့်မယ်။ သူ အသင်းမှာ ရှိနေလို့ ကျနော်တို့ ပျော်ရွှင်ပါတယ်။ သူ ဂိုးရတဲ့အတွက်လည်း ကျနော် ဝမ်းသာပါတယ်။ ကျနော်တို့ အသင်းက ကစားသမားတွေအားလုံး ခြေစွမ်းပြနိုင်ဖို့ လိုအပ်ပါတယ်”
“အဲ့ဒါမှလည်း လူတွေက ခံစားချက်တွေ ပိုကောင်းလာကြမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ ပါးလ်မားရဲ့ ခြေစွမ်းနဲ့ပတ်သက်လို့ အင်္ဂလန်နည်းပြ ဆောက်ဂိတ်ကလည်း ချီးကျူးခဲ့သေးပြီး ယူရိုပြိုင်ပွဲအတွက် အပြီးသတ် လူစာရင်းမှာ ပါးလ်မား ပါဝင်လာနိုင်ခြေလည်း များပြားနေပါတယ်။