မနေ့ညက ကစားခဲ့တဲ့ အင်္ဂလန်နဲ့ ဆလိုဗက်ကီးယားတို့ရဲ့ ယူရို ရှုံးထွက် (၁၆) သင်းအဆင့်ပွဲစဉ်မှာ မြင်တွေ့ခဲ့ရတဲ့ ဝေါ်လ်ကာရဲ့ဖြစ်ရပ်တစ်ခုကြောင့် ပရိသတ်တွေအတွက် ဟာသဖြစ်နေခဲ့ပါတယ်။ ဒီပွဲမှာ အင်္ဂလန်က ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။
ပထမပိုင်းမှာကတည်းက ရှာရန့်ဇ်ရဲ့ ဦးဆောင်ဂိုးကြောင့် အင်္ဂလန်တို့ နောက်ဆုံးမိနစ်၊ စက္ကန့်အထိ ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမယ့် ဘယ်လင်ဟမ်ရဲ့ လှပတဲ့ နောက်ပြန်ကန်ချက်နဲ့ သွင်းဂိုးကြောင့် အချိန်ပို ဆက်ကစားခဲ့ရပြီး အချိန်ပိုမှာ ဟယ်ရီကိန်းက အင်္ဂလန်အတွက် အနိုင်ဂိုး သွင်းပေးခဲ့တာပါ။
ဒီလိုမျိုး အင်္ဂလန်တို့ ဂိုးပေးလိုက်ရတဲ့ အနေအထားမှာ ဝေါ်လ်ကာက လူကျွံဘောမဖမ်းဘဲ ဒူးတစ်ဖက်ထောက် ပုံစံမျိုးနဲ့ ရှိနေခဲ့တာကို ပရိသတ်တွေက လှောင်ပြောင်နေကြပါတယ်။ စထရီလစ်က ရှာရန့်ဇ်ရဲ့ ပြေးလမ်းကြောင်းထဲ ဘောလုံးခင်းပေးလိုက်ချိန်မှာ ဝေါ်လ်ကာက တစ်ဖက်မှာ တစ်ယောက်တည်း ကျန်နေခဲ့တာပါ။
သူ့ရဲ့ ကာကွယ်မှုလုပ်ဖို့ ပြင်ဆင်နေဟန်က ဘာမှအလုပ်မဖြစ်ခဲ့ဘဲ အင်္ဂလန်တို့ ဦးဆောင်ဂိုးပေးလိုက်ရတာသာ အဖတ်တင်ခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း ပရိသတ်တွေက ဝေါ်လ်ကာရဲ့အဖြစ်ကို လှောင်ပြောင်နေကြပြီး ဒီပုံရိပ်တွေက ဖိုတိုရှော့ဖြစ်ဖို့ပဲ မျှော်လင့်တယ်လို့ ဆိုနေကြပါတယ်။