ဆာနေးကိုမထည့်ခဲ့လို့ ဒေါသထွက်နေကြတာပါ။

အင်္ဂလန်နဲ့ တဖက်တဂိုးစီသရေကျခဲ့တဲ့ပွဲမှာ ဂျာမနီနည်းပြဟန်ဆီဖလစ်ရဲ့ လူထုတ်ပုံအပေါ် မကျေနပ်တဲ့ ဂျာမနီပရိသတ်တချို့ဟာ ပွဲကိုမကြည့်ဘဲ တီဗီပိတ်ပစ်ခဲ့တယ်လို့ သိရပါတယ်။ ဟန်ဆီဖလစ်ဟာ လီရွိုင်ဆာနေးကို ပွဲထွက်စာရင်းကနေ ချန်လှပ်ခဲ့တာဖြစ်ပြီး ဒီပွဲမှာ ဆာနေးက အသင်းရဲ့ အဓိကအရေးကြီးတဲ့နေရာကနေ ကစားသင့်တယ်လို့ ယူဆနေတဲ့ ပရိသတ်တွေကို စိတ်ပျက်လက်ပျက်ဖြစ်စေခဲ့ပါတယ်။ 

အင်္ဂလန်က သူတို့ရဲ့ Fullbacks နေရာတွေမှာ ထရစ်ပီယာနဲ့ ကိုင်လီဝေါ်ကာတို့ကို ထည့်သွင်းအသုံးပြုခဲ့ပြီး ဒီကစားသမားတွေကို ကျော်ဖြတ်ဖို့အတွက် ဆာနေးက အသင့်တော်ဆုံးလို့ ဂျာမနီပရိသတ်တွေက ယုံကြည်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ဘိုင်ယန်အတွက် ၁၄ ဂိုးသွင်းကာ ၁၅ ကြိမ်အထိ ဖန်တီးပေးခဲ့တဲ့ ဆာနေးက အင်္ဂလန်ကစားသမားတွေကို အလွယ်တကူအနိုင်ယူနိုင်တယ်လို့လည်း မျှော်လင့်ခဲ့ကြတာပါ။ 



ဒါပေမယ့် အသင်းလူစာရင်းကို ထုတ်ပြန်ခဲ့ချိန်မှာ ဆာနေးက အရံခုံမှာသာရှိနေခဲ့ပြီး ပွဲချိန် ၈၃ မိနစ်မှာမှ လူစားဝင်ကစားခွင့်ရခဲ့ပါတယ်။ အသင်းပွဲထွက်လူစာရင်းမှာ ဆာနေးမပါဝင်ခဲ့တဲ့နောက် တိုနီဆိုတဲ့ ပရိသတ်တဦးက လူစာရင်းပို့စ်ကို Share ခဲ့ပြီး "တီဗီပိတ်ပြီ" လို့ ရေးသားပြောဆိုခဲ့ကာ သူ့ရဲ့မကျေနပ်မှုကို ထုတ်ဖော်ပြသခဲ့ပါတယ်။ 

အချို့ပရိသတ်တွေကလည်း "ဆာနေးမပါပါလား၊ ​ေ-ာက်ရေးမပါတာ" လို့ တွစ်တာမှာရေးသားပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ဟန်ဆီဖလစ်ကိုလည်း "သတ္တိတွေသိပ်ရှိနေပါလား" လို့ လှောင်ပြောင်ခဲ့ကြပါတယ်။ ဂျာမနီကတော့ အိမ်ကွင်းမှာ လက်ခံကစားခဲ့ရတာဖြစ်ပြီး ဦးဆောင်ဂိုးရခဲ့ပေမယ့် ပွဲချိန်နှောင်းပိုင်းမှာ ပင်နယ်တီကတဆင့် ချေပဂိုးပေးခဲ့ရကာ နေးရှင်းလိဂ် ၂ ပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့ပါတယ်။ 


Share

Loading Next Article...
က္က