ပြင်သစ်တိုက်စစ်မှူးဘတ်ပီဟာ အင်္ဂါနေ့က ပြုလုပ်ခဲ့တဲ့ အသင်းလေ့ကျင့်ခန်းအစီအစဉ်ကို မလာရောက်ခဲ့ဘူးလို့ ဆိုပါတယ်။ အင်္ဂလန်နဲ့ကစားရမယ့် ကမ္ဘာဖလားကွာတားဖိုင်နယ်ပွဲစဉ်မတိုင်ခင် ၄ ရက်အလိုမှာဖြစ်ပြီး ဒါက ပြင်သစ်အတွက် အနည်းငယ်စိုးရိမ်စရာတော့ ဖြစ်လာခဲ့ရပါတယ်။ ဘတ်ပီဟာ ပြင်သစ်အတွက် ကမ္ဘ့ာဖလားမှာ ၅ ဂိုးအထိ သွင်းယူပေးထားပြီး ခြေစွမ်းပြနေတာပါ။
ပိုလန်နဲ့ပွဲမှာ လှပတဲ့ သွင်းဂိုးနှစ်ဂိုးသွင်းယူခဲ့တဲ့ ဘတ်ပီဟာ လေ့ကျင့်ရေးကွင်းကို မလာရောက်ခဲ့ဘူးလို့ ပြင်သစ်ဝန်ထမ်းတဦးက ပြောဆိုခဲ့တာပါ။ ကစားသမားဟာ ခြေကျင်းဝတ်ဒဏ်ရာရရှိထားတယ်လို့သိရပြီး အဆိုပါဒဏ်ရာရရှိနေလျက်နဲ့ အသင်းအတွက် ကစားပေးနေတယ်လို့လည်း သတင်းဖော်ပြမှုတွေရှိနေပြီး အတည်ပြုနိုင်ခြင်းတော့မရှိသေးပါဘူး။
သူ့ရဲ့ လေ့ကျင့်ကွင်းကို မလာရောက်နိုင်တဲ့ သတင်းက အင်္ဂလန်အတွက်တော့ ကြီးမားတဲ့ မျှော်လင့်ချက်တခုဖြစ်လာနိုင်ပါတယ်။ အင်္ဂလန်ခံစစ်ပိုင်းကို အကြီးအကျယ်အခက်တွေ့စေနိုင်မယ့် ကစားသမားအဖြစ် ဘတ်ပီကို အားလုံးကသတ်မှတ်ထားကြတာဖြစ်ပြီး သူ မကစားနိုင်ခဲ့ဘူးဆိုရင် ပြင်သစ်တိုက်စစ်ပိုင်းကို ထိန်းချုပ်နိုင်ဖို့ရာ အင်္ဂလန်အတွက် ပိုမိုလွယ်ကူလာမှာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ပွဲစဉ်ကစားဖို့အတွက် ၃ ရက်ခန့်လိုနေသေးလို့ ကစားသမားရဲ့ ဒဏ်ရာက ပြန်လည်သက်သာလာဖို့ အချိန်လုံလောက်မှုရှိနေပါတယ်။ ပြင်သစ်ဘကက်တော့ ဘတ်ပီရဲ့ သတင်းကို တစုံတရာပြောဆိုခြင်းမရှိပါဘူး။ အသက် ၂၃ နှစ်အရွယ် ဘတ်ပီဟာ လက်ရှိမှာ ရွှေဖိနပ်ဆုအတွက် ထိပ်ဆုံးကနေ ဦးဆောင်နေတာဖြစ်ပြီး အနီးကပ်ပြိုင်ဘက်တွေထက် ၂ ဂိုးအထိ အသာစီးရရှိထားပါတယ်။