နာကျင်အချိန်ပိုမှာ အနီကတ်ပါထိသွားခဲ့တာပါ။

မနေ့က ကစားခဲ့တဲ့ အင်္ဂလန်ယူ - ၁၇ နဲ့ ဥဇဘက်ကစ္စတန် ယူ - ၁၇ တို့ရဲ့ ယူ - ၁၇ ကမ္ဘာ့ဖလား ရှုံးထွက်အဆင့်ပွဲစဉ်မှာ ဥဇဘက်က အင်္ဂလန်ကို ၁-၂ ဂိုးနဲ့ အံ့အားသင့်ဖွယ် အနိုင်ရရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီပွဲရဲ့ နာကျင်အချိန်ပိုမှာတော့ ဥဇဘက်နည်းပြ ဂျာမိုလစ်ဒင်တစ်ယောက် အနီကတ်ထိခဲ့ပါတယ်။



အကြောင်းရင်းကတော့ ကွင်းဘေးစည်းထွက်လာတဲ့ ဘောလုံးကို အဆိုပါနည်းပြက ခပ်ဝေးဝေး ကန်ထုတ်ပစ်ခဲ့တာကြောင့်ပါ။ အဲ့ဒါကြောင့်လည်း အင်္ဂလန်ကစားသမားတွေက ဂျာမိုလစ်ဒင်ကို ပြဿနာရှာခဲ့ပြီး နှစ်ဖက်ကစားသမားတွေနဲ့ နည်းပြအဖွဲ့ဝင်တွေအကြား ပြဿနာဖြစ်ပွားခဲ့ပါသေးတယ်။
ဒိုင်လူကြီးက အနီကတ်ပြလိုက်ချိန်မှာတော့ ဂျာမိုလစ်ဒင်က သူ့မှာ အပြစ်မရှိကြောင်း ပြောကြားခဲ့ပေမယ့် လက်တွေ့စည်းကမ်းတွေအရတော့ ကွင်းလယ်ဒိုင်ရဲ့ လုပ်ရပ်က မှန်ကန်ခဲ့ကြောင်း အားလုံးက ယုံကြည်လက်ခံထားပါတယ်။ ဘာပဲဖြစ်ဖြစ် ဂျာမိုလစ်ဒင်ကတော့ လာမယ့်ပွဲကို ကိုင်တွယ်ခွင့် ဆုံးရှုံးရဖွယ်ရှိပါတယ်။
ဥဇဘက်ယူ - ၁၇ ဟာ ကွာတားဖိုင်နယ်မှာ ပြင်သစ် ယူ - ၁၇ နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။​ အင်္ဂလန်ကို ဥဇဘက်တို့ အခုလိုမျိုး အနိုင်ယူကျော်ဖြတ်ခဲ့တာကလည်း လက်ရှိကျင်းပနေတဲ့ ယူ - ၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ရှော့ခ်ရစရာအဖြစ်ဆုံးကိစ္စလည်း ဖြစ်ခဲ့ပါတယ်။

ဥဇဘက်ဟာ ဒီပွဲမှာ ဦးဆောင်ဂိုးကို အရင်ဆုံး သွင်းယူခဲ့တဲ့ အသင်းတစ်သင်းလည်းဖြစ်ပြီး အင်္ဂလန်ဘက်က ချေပဂိုးပြန်သွင်းခဲ့ပေမယ့် ပွဲကစားချိန် (၆၇) မိနစ်မှာရရှိခဲ့တဲ့ ဖရီးကစ်သွင်းဂိုးကြောင့် အခုလိုမျိုးပဲ သမိုင်းဝင်နိုင်ပွဲတစ်ပွဲကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က