စုစုပေါင်း ၁၀ ဂိုးအထိ သွင်းထားပါတယ်။

အက်ဖ်အေဖလားဆီမီးဖိုင်နယ်မှာ မန်စီးတီးကို ၂ ဂိုးအထိ သွင်းယူခဲ့ပြီးနောက် ဆာဒီယိုမာနေးဟာ ကစားသမားဘ၀တလျှောက် မန်စီးတီးကို ၁၀ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒါဟာ အင်္ဂလန်ကို သူ စတင်ရောက်ရှိလာချိန်ကစပြီး ဘယ်ကစားသမားထက်မဆို ဂိုးပိုသွင်းထားနိုင်ခဲ့တာဖြစ်ပြိး မန်စီးတီးအတွက် မာနေးက နတ်ဆိုးတကောင်ဖြစ်နေခဲ့ပါတယ်။ 

၂-၃ နဲ့ လီဗာပူးလ်တို့ အနိုင်ရပြီး အက်ဖ်အေဖလားဗိုလ်လုပွဲကိုတက်ရောက်နိုင်ခဲ့ပြီး ဖလားလေးလုံးအိပ်မက်ကို ဆက်လက်အသက်သွင်းနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ မာနေးဟာ မနေ့ကပွဲမှာ မန်စီးတီးဂိုးသမားရဲ့ ပေါ့ဆမှုကို အခွင့်ကောင်းယူကာ ဂိုးတဂိုးရယူနိုင်ခဲ့​ြီး လှပတဲ့သွင်းဂိုးတဂိုးကိုလည်း ထပ်မံသွင်းယူနိုင်ခဲ့ကာ ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုကိုပါ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ 



လီဗာပူးလ်နည်းပြကလော့ပ်က ဂွာဒီယိုလာကို ၁၀ ကြိမ်အထိ အနိုင်၇တဲ့ ပထမဆုံးနည်းပြဖြစ်လာခဲ့ပြီး ဆရာတပည့်နှစ်ဦးရဲ့ မန်စီးတီးကို အသာစီးရယူနိုင်မှုတွေက ပိုပြီးထင်ရှားခဲ့ပါတယ်။ လီဗာပူးလ်အတွက် မာနေးရဲ့ ဒီရာသီပြိုင်ပွဲစုံသွင်းဂိုးကလည်း ၁၈ ဂိုးအထိ ရှိလာခဲ့ကာ ၂၀၂၂ ခုက မာနေးအတွက်တော့ ပျော်ရွှင်စရာတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။ 

ဆီနီဂေါနဲ့အတူ အာဖရိကဖလားကိုရယူနိုင်ခဲ့သလို ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်အောင်လည်း မာနေးက စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ ဆီနီဂေါတိုက်စစ်မှူးဟာ လီဗာပူးလ်နဲ့ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ ဥရောပစူပါဖလား၊ ကလပ်ကမ္ဘာ့ဖလား၊ ကာရာဘောင်းဖလားတို့ကိုပါ ဆွတ်ခူးထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က