ဆာကာအကြောင်း ကောင်းကောင်းသိနေကြတာပါ။

နယ်သာလန်နောက်ခံလူ ဗန်ဒီဗန်က အင်္ဂလန်နဲ့ ကစားမယ့် ယူရိုဆီမီးဖိုင်နယ်ပွဲမတိုင်ခင်မှာ အင်္ဂလန်ကြယ်ပွင့် ဆာကာနဲ့ ပတ်သက်လို့ ဘာမှကြောက်နေစရာ မရှိဘူးလို့ ပြောလာပါတယ်။ သူတို့နှစ်သင်းဟာ မနက်ဖြန်ညမှာ ထိပ်တိုက်ရင်ဆိုင်ရမှာပါ။



ဗန်ဒီဗန်က “ဆာကာက ပြေးအားအရမ်းကောင်းပြီး အံ့အားသင့်ဖွယ်ကောင်းတဲ့ ကစားသမားပါ။ ဒါပေမယ့် ဗန်ဒိုက်ချ်နဲ့ အကီတို့ကလည်း အရမ်းကို ပြေးအားကောင်းပါတယ်။ သူတို့နှစ်ယောက် ဆာကာကို ထိန်းချုပ်နိုင်မယ်ဆိုတာ ကျနော် သေချာပေါက်ပြောရဲပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

ဗန်ဒီဗန်က စပါး၊ ဗန်ဒိုက်ချ်က လီဗာပူး၊ အကီက မန်စီးတီးတို့မှာ ကစားနေပြီး အာဆင်နယ်မှာ ကစားနေတဲ့ ဆာကာရဲ့ အကြောင်းကို ကောင်းကောင်း သိထားတဲ့ ကစားသမားတွေလည်း ဖြစ်ပါတယ်။​ ဗန်ဒီဗန်ဟာ ဒီနှစ်​ယူရိုမှာ အသင်းအတွက် (၄) ပွဲ လူစားဝင်ကစားထားပြီး ပြီးခဲ့တဲ့ တူရကီနဲ့ ကွာတားဖိုင်နယ်မှာလည်း လူစားဝင်ကာ အရေးပါတဲ့ ဖျက်ထုတ်ဟန့်တားမှုကို ပြုလုပ်နိုင်ခဲ့ပါတယ်။

ဆာကာဟာ လက်ရှိ အင်္ဂလန်တိုက်စစ်မှာ ခြေအပေါ်ဆုံး ကစားသမားလို့ ပြောရမှာပါ။ ဟယ်ရီကိန်း၊ ဖိုဒန်၊ ဘယ်လင်ဟမ်တို့ ရုန်းကန်နေရချိန်မှာ ဆာကာက ပြီးခဲ့တဲ့ ဆွစ်ဇာလန်နဲ့ ကွာတားဖိုင်နယ်မှာ အင်္ဂလန်အတွက် အသက်ကယ်ချေပဂိုးကို သွင်းယူပေးခဲ့တာလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က