ဒါဟာ ယူနိုက်တက်အတွက် ရှက်ဖွယ်လိလိပါပဲ။

နိုင်ငံတကာပွဲစဉ်တွေကစားဖို့အတွက် ရွေးချယ်ခဲ့တဲ့ အင်္ဂလန်အသင်းလူစာရင်းမှာ ခရစ္စတယ်ပဲလေ့စ်ကစားသမား ၃ ဦးအထိ ပါဝင်ခဲ့ပြီဖြစ်ပါတယ်။ ဒဏ်ရာကြောင့် အင်္ဂလန်အသင်းကနေ ကစားသမားတချို့နုတ်ထွက်ခဲ့အပြီး နည်းပြဆောက်ဂိတ်က ပဲလေ့စ်နောက်ခံလူ တိုင်ရစ်မစ်ချဲလ်ကို ခေါ်ယူခဲ့ပြီး ပဲလေ့စ်ကစားသမား ၃ ဦးအထိဖြစ်လာခဲ့တာလည်းဖြစ်ပါတယ်။ 

အသက် ၂၂ နှစ်အရွယ်နောက်ခံလူဟာ ဒီရာသီမှာ ပဲလေ့စ်အတွက် ခြေစွမ်းပြကစားနေတာဖြစ်ပြီး သူနဲ့အတူ ဗဟိုနောက်ခံလူ မာ့ဂူဟီ၊ ကွင်းလယ်လူကော်နာဂယ်လန်ဂါတို့လည်း ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။ ဒီအတွက် အင်္ဂလန်အသင်းမှာ မန်ချက်စတာယူနိုက်တက်ကစားသမားတွေထက် ပဲလေ့စ်ကစားသမားအရေအတွက်ကတောင် ပိုမိုများပြားနေခဲ့တယ်လို့ talkSPORT က ဆိုပါတယ်။

ယူနိုက်တက်အသင်းက ဟယ်ရီမက်ဂွိုင်းယားနဲ့ လုခ်ရှောတို့နှစ်ဦးတည်းသာ ရွေးချယ်ခံခဲ့ရပြီး ဆန်ချို၊ ရက်ရှ်ဖို့ဒ်တို့ ချန်လှပ်ခံခဲ့ရပါတယ်။ မစ်ချဲလ်ကတော့ ပဲလေ့စ်အတွက် ဒီရာသိမှာ ပရီးမီးယားလိဂ်ပွဲတိုင်းကို ပါဝင်ကစားပေးထားပြီး အသင်းကို အက်ဖ်အေဖလားဆီမီးဖိုင်နယ်ရောက်အောင် ကူညီပေးနိုင်ခဲ့သလို ချယ်လ်ဆီးကနေ အငှားနဲ့လာကစားနေတဲ့ ဂယ်လန်ဂါကလည်း ဒီရာသီမှာ အကောင်းဆုံးခေါ်ယူမှုတခုလို့ သတ်မှတ်ခံရတဲ့အထိ ခြေစွမ်းပြနေခဲ့ပါတယ်။ 

သူက ပဲလေ့စ်အတွက် ၈ ဂိုးသွင်းကာ ၃ ကြိမ်ဖန်တီးပေးထားပြီး အဓိကကွင်းလယ်လူအဖြစ် ပါဝင်နေသလို ချယ်လ်ဆိးပရိသတ်တွေရဲ့ အသင်းဆီပြန်ခေါ်ဖို့ တောင်းဆိုခံနေရသူလည်းဖြစ်ပါတယ်။ ဂူဟီကလည်း အသင်းအတွက် တပွဲတည်းသာလွဲချော်ထားတဲ့အထိ ကစားပေးထားကာ အင်္ဂလန်လူငယ်အသင်းတွေမှာကစားခဲ့ဖူးပြီး အခုအခါ လက်ရွေးစင်အသင်းကြီးနဲ့ ပူးပေါင်းခွင့်ရခဲ့ပြီဖြစ်ပါတယ်။ 


Share

Loading Next Article...
က္က