ဒီနေ့မနက်ပိုင်းက ကစားခဲ့တဲ့ အာဆင်နယ်နဲ့ မန်စီးတီးတို့ရဲ့ ပွဲမှာတော့ မန်စီးတီးက ၃-၁ နဲ့ အဝေးကွင်းမှာ အနိုင်ရပြီး အမှတ်ပေးဇယားထိပ်နေရာကို ရယူလိုက်ပါပြီ။ အာဆင်နယ်ကတော့ ပရီးမီးယားလိဂ်မှာ ၃ပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့ပြီး အမြင့်ဆုံးရနိုင်ချေ ၉ မှတ်မှာ ၈မှတ်အထိ ဆုံးရှုံးခဲ့ကာ မန်စီးတီးရဲ့ အမီလိုက်ခြင်းကို ခံလိုက်ရပြီး ဆုဖလားအတွက် မျှော်လင့်ချက်တွေ ယိုင်နဲ့စပြုလာပြီဖြစ်ပါတယ်။
မန်စိးတီးအတွက် ဒီဘရိုင်းက ခြေစွမ်းပြခဲ့ပြီး အဖွင့်ဂိုးကို သွင်းယူနိုင်ခဲ့ပေမယ့်လည်း ၄၂ မိနစ်မှာ အာဆင်နယ်တို့ ပင်နယ်တီရခဲ့ကာ ဆာကာက ချေပဂိုးသွင်းပေးခဲ့လို့ ပထမပိုင်းက ၁-၁ ဖြစ်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ မန်စီးတီးအတွက် ဂျက်ဂရီလစ်ရှ်နဲ့ ဟာလန်းတို့က နောက်ထပ်ဂိုးတွေသွင်းယူခဲ့ကြပြီး အာဆင်နယ်တို့ ချေပဂိုးထပ်မရတော့ဘဲ ဂိုးပြတ်အရေးနိမ့်ခဲ့ကာ အာတီတာတယောက် သူ့ဆရာ ဂွာဒီယိုလာနဲ့တွေ့တိုင်း အရေးနိမ့်တဲ့ စံချိန်ကို မချိုးဖျက်နိုင်ဖြစ်ခဲ့ရပါတယ်။
အာဆင်နယ်မှာ အားထားရတဲ့ ကွင်းလယ်လူသောမတ်စ်ပါတေး ပွဲကစားခါနိးမှ ဒဏ်ရာရသွားလို့ မပါဝင်နိုင်တာကလည်း အားနည်းချက်ဖြစ်ခဲ့ရပါတယ်။ မန်စီးတီးက အဝေးကွင်းမှာ ဖိဖိစီးစီးကစားခဲ့ပြီး မဖြစ်မနေအနိုင်ယူထားရမယ့်ပွဲကို အမှားအယွင်းမရှိ ကစားနိုင်ခဲ့ကာ အမှတ်ကွာဟချက်တွေကို လျှော့ချနိုင်ခဲ့ပြီး ရမှတ်တူအနေအထားဖြစ်အောင် ပြန်လိုက်နိုင်ခဲ့ပြီဖြစ်ပါတယ်။
အာတီတာတို့အတွက် ပွဲကျန်တပွဲကျန်နေသေးလို့ အခွင့်အရေးအပြည့်ရှိနေပေမယ့်လည်း သူတို့ရဲ့ ရှုံးပွဲတွေဆက်နေမှုက အသင်းစိတ်ဓာတ်ပိုင်းကိုပါ ထိခိုက်လာဖွယ်ရှိပါတယ်။ ရာသီစကတည်းကနေ ရာသီဝက်ကာလအထိ ရှုံးပွဲတပွဲတည်းသာရှိခဲ့တဲ့ အာဆင်နယ်ဟာ ၂၀၂၃ အတွင်းမှာ ရှုံးပွဲ ၂ပွဲကို ရင်ဆိုင်ခဲ့ရပြီး သူတို့ရဲ့ ခြေစွမ်းပိုင်း ကျဆင်းလာာတကို ဖုံးကွယ်ထားနိုင်ခြင်းလည်းမရှိခဲ့တာဖြစ်ပါတယ်။