စာချုပ်သက်တမ်းနောက်ဆုံးနှစ်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။

စာချုပ်သစ်မချုပ်ဆိုဘူးဆိုပါက လင်ဂတ်ဟာ ရာသီကုန်မှာ အလွတ်ပြောင်းရွှေ့နိုင်မှာဖြစ်ပြီး ဝက်စ်ဟမ်းက သူ့ကိုချိတ်ဆက်နေတယ်လို့ သိရပါတယ်။


ဂျက်ဆီလင်ဂတ်ဟာ ယူနိုက်တက်အသင်းရဲ့ စာချုပ်သစ်ကမ်းလှမ်းမှုကို ငြင်းဆန်ထားတယ်လို့ သိရပါတယ်။ အသင်းမှာ ပုံမှန်ကစားခွင့်ရမှသာ စာချုပ်သစ်ချုပ်ဆိုဖို့ လင်ဂတ်က ဆန္ဒရှိနေပြီး ပြီးခဲ့တဲ့ရာသီက ဝက်စ်ဟမ်းမှာ အငှားနဲ့သွားရောက်ကစားပြီး ခြေစွမ်းပြခဲ့မှုကြောင့် အသင်းပြောင်းရွှေ့ပါက ပုံမှန်ကစားခွင့်ရမယ်လို့ ယုံကြည်နေကြောင်းလည်း Daily Mail က ဖော်ပြခဲ့ပါတယ်။ 

အသက် ၂၈ နှစ်အရွယ် လင်ဂတ်ဟာ ယူနိုက်တက်အတွက် ဒီရာသီမှာလည်း ပွဲထွက်ခွင့်မရရှိသေးဘဲ စာချုပ်သက်တမ်းနောက်ဆုံးနှစ်ကို ရောက်ရှိနေပြီဖြစ်ကာ တစ်ပတ်လုပ်ခပေါင်တစ်သိန်းအထိ ရရှိနေသူဖြစ်ပါတယ်။ အန်ဒိုရာနဲ့ပွဲမှာ အင်္ဂလန်အတွက်ခြေစွမ်းပြပြီး သွင်းဂိုး၂ ဂိုးနဲ့ ဖန်တိးမှုတစ်ကြိမ်ပြုလုပ်ပေးခဲ့တဲ့ လင်ဂတ်အနေနဲ့ ရော်နယ်ဒိုရောက်ရှိလာတဲ့နောက် ယူနိုက်တက်မှာ ပွဲထွက်ခွင့်ရဖို့က ပိုမိုမသေမချာဖြစ်လာခဲ့ပါတယ်။ 

စာချုပ်သစ်မချုပ်ဆိုဘူးဆိုပါက လင်ဂတ်ဟာ ရာသီကုန်မှာ အလွတ်ပြောင်းရွှေ့နိုင်မှာဖြစ်ပြီး ဝက်စ်ဟမ်းက သူ့ကိုချိတ်ဆက်နေတယ်လို့ သိရပါတယ်။ ဒီရာသီမှာလည်း လင်ဂတ်ကို အငှားနဲ့ထပ်မံခေါ်ယူဖို့ ဝက်စ်ဟမ်းက ကြိုးပမ်းခဲ့ပေမယ့် ယူနိုက်တက်က ငြင်းဆန်ခဲ့ကာ ကစားသမားကလည်း သူ့အတွက် ကစားခွင့်တွေရရှိမယ်လို့ ယုံကြည်ပြီး အိုးထရက်ဖို့ဒ်မှာ ကစားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ 

ဆိုးလ်ရှားအတွက်တော့ လင်ဂတ်ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်ချမှတ်ရမယ့် အချိန်ကို ရောက်ရှိလာပြီဖြစ်ပါတယ်။ လင်ဂတ်ကို ပွဲထွက်ခွင့်အာမခံချက်မပေးနိုင်ရင် ရောင်းချဖို့ကိုသာ ဆုံးဖြတ်ရဖွယ်ရှိနေပြီး လက်ကျန်စာချုပ်သက်တမ်းအနေအထားကြောင့် စျေးလျှော့ရောင်းရဖွယ်ရှိနေပါတယ်။ အဲဒီလိုမှမဟုတ်ရင်တော့ ရာသီကုန်အထိ အသင်းမှာဆက်လက်ထားရှိပြီး အလွတ်ထွက်ခွာခွင့်ပေးရမှာဖြစ်ပါတယ်။ 

Share

က္က