အင်္ဂလန်ရဲ့ ကစားသမားဟောင်းကြီး ပေါလ်ဂတ်စ်ကွိုင်နီက သူ့အနေနဲ့ အင်္ဂလန်လက်ရွေးစင်ရဲ့ ပွဲစဥ်တွေမတိုင်ခင်မှာ ကံကောင်းစေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အဝတ်လဲခန်းထဲမှာ အသင်းဖော် လက်စ်ဖာဒီနန်ရဲ့ လိင်အင်္ဂါကို ကိုင်တွယ်လေ့ရှိကြောင်း ထူးထူးဆန်းဆန်း ဖွင့်ဟလာပါတယ်။
အသက် (၅၅) နှစ်အရွယ်ရှိပြီး ပရိသတ်တွေအကြားမှာ ဂတ်ဇာလို့ အမည်ရထားတဲ့ ဒီကစားသမားကြီးက အဝတ်လဲခန်းထဲမှာ ပထမဆုံးအကြိမ်အဖြစ် လက်စ်ဖာဒီနန်ရဲ့ လိင်အင်္ဂါကို ကိုင်တွယ်ဖြစ်ခဲ့ပုံအကြောင်းကိုလည်း ပြောကြားခဲ့ပါတယ်။ ဂတ်စ်ကွိုင်နီက “ကျနော် ကျိန်ပြောရဲတယ်ဗျ။ လက်စ်ဖာဒီနန်က သူ့အဝတ်အစားတွေကို ချွတ်လဲတဲ့အခါမှာ ကျနော်က သူ့ပစ္စည်းရဲ့ အရွယ်အစားကို မြင်ရတယ်လေ”
“အဲ့ဒီအချိန်တိုင်း ကျနော်က သိမ်ငယ်သွားတယ်ဗျာ။ နောက်တော့ ကျနော် လက်စ်ဖာဒီနန်ဆီသွားပြီး ‘လက်စ်ရေ လုပ်စမ်းပါ။ ငါ့ကို မင်းပစ္စည်း တခါပဲပေးကိုင်ပါကွာ’ ဆိုပြီး သွားပြောပါတယ်။ ဒီတော့ သူကလည်း ကျနော့်ကို ကိုင်ခွင့်ပြုပါတယ်။ နောက်တော့ ဝင်ဘလေမှာ ကန်ဖို့ရှိတိုင်း ကျနော်က ‘လက်စ်ရေ.. မင်းပစ္စည်းကိုထုတ်ကွာ’ ဆိုပြီး ကျနော်က ပြောပါလေရော”
“အဲ့ဒီလိုနဲ့ပဲ ကျနော်တို့ အင်္ဂလန်အတွက် ကစားမယ်ဆိုတိုင်း ဒီတိုင်းကို လုပ်ဖြစ်ခဲ့ကြပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ လက်စ်ဖာဒီနန်နဲ့ဂတ်စ်ကွိုင်နီတို့နှစ်ယောက်ဟာ အင်္ဂလန်လက်ရွေးစင်မှာ (၁၉၉၃) ကနေ (၁၉၉၈) အထိ အတူတကွ ကစားဖြစ်ခဲ့ပြီး နှစ်ယောက်ပေါင်း အင်္ဂလန်အတွက် (၁၂) ပွဲမှာ (၅) ဂိုးသွင်းယူပေးနိုင်ခဲ့ကြပါတယ်။