အဝေးကွင်းတွေမှာ အနိုင်ရရှိခဲ့ကြတာပါ။

ဒီနေ့ မနက်အစောပိုင်းမှာ ကစားသွားခဲ့တဲ့ အင်္ဂလန်နဲ့ ဘရာဇီး၊ ပြင်သစ်နဲ့ ဂျာမနီတို့ရဲ့ နိုင်ငံတကာခြေစမ်းပွဲတွေမှာတော့ ဘရာဇီးနဲ့ ဂျာမနီတို့က ကိုယ်စီနိုင်ပွဲရရှိခဲ့ကြပါတယ်။ ဘရာဇီးက (၁၈) နှစ်သားလေး အန်ဒရစ်ခ်ရဲ့ တစ်လုံးတည်းသောသွင်းဂိုး၊ ဂျာမနီက ဖလော်ရီယန်ဝစ်ဇ်၊ ဟာဗက်ဇ်တို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရရှိခဲ့တာပါ။



အင်္ဂလန်နဲ့ ဘရာဇီးပွဲမှာတော့ အင်္ဂလန်ညာနောက်ခံလူ ကိုင်လီဝေါ်လ်ကာ ဒဏ်ရာကြောင့် စောစောစီးစီး လူစားလဲခဲ့ရပါတယ်။ ဒီအချက်ကတော့ မန်စီးတီးနည်းပြ ဂွါဒီယိုလာအတွက်ပါ စိုးရိမ်စရာဖြစ်ခဲ့ရပါတယ်။ အဲ့ဒီနောက် ပွဲကစားချိန် မိနစ် (၈၀) မှာ အန်ဒရစ်ခ်က ဘရာဇီးအတွက် တစ်လုံးတည်းသော သွင်းဂိုးကို ဂိုးသမားနဲ့ ထိထွက်တာကတစ်ဆင့် သွင်းယူခဲ့ပါတယ်။

ဒီသွင်းဂိုးမှာ လူကျွံဘောဖြစ်နိုင်ခြေအကြိမ်ကြိမ်ရှိခဲ့ပေမယ့် နှစ်ကြိမ်စလုံးကို VAR နဲ့ ပြန်လည်စစ်ဆေးခဲ့ပြီးမှ ဂိုးအဖြစ် သတ်မှတ်ပေးခဲ့တာပါ။ ပြင်သစ်နဲ့ ဂျာမနီပွဲမှာတော့ ဂျာမနီက ပွဲစပြီး စက္ကန့်ပိုင်းအတွင်းမှာတင် ဂိုးရရှိခဲ့ပါတယ်။

စင်တာပေးပြီးတဲ့ ဘောလုံးကို တိုနီကရူးစ်က တိုက်ရိုက်ပေးပို့ခဲ့တာဖြစ်ပြီး ဖလော်ရီယန်ဝစ်ဇ်က ပင်နယ်တီဧရိယာအပြင်ဘက်ကတစ်ဆင့် တိုက်ရိုက်ကန်သွင်းယူခဲ့တာပါ။ အဲ့ဒီနောက် ဒုတိယပိုင်းမှာ မူဆီအာလာက ဂိုးသမားကိုပါ လိမ်ခေါက်ပြီး ဖန်တီးပေးခဲ့တဲ့ ဘောလုံးကို ကိုင်ဟာဗက်ဇ်က ပြိုင်ဘက်နောက်ခံလူတွေရှိနေတဲ့ကြားထဲက အမှားအယွင်းမရှိအောင် ကန်သွင်းယူခဲ့ပါတယ်။

အင်္ဂလန်ဟာ နောက်ထပ် နိုင်ငံတကာ ခြေစမ်းပွဲအဖြစ် လာမယ့်ကြားရက်မှာ ဘယ်လ်ဂျီယံနဲ့ ကစားရမှာပါ။ ပြင်သစ်ကို အနိုင်ရရှိခဲ့တဲ့ ဂျာမနီကတော့ ဒီတစ်ပတ်အတွက် နောက်ထပ်နိုင်ငံတကာ ခြေစမ်းပွဲအဖြစ် နယ်သာလန်နဲ့ ရင်ဆိုင်ကစားသွားရမှာပဲဖြစ်ပါတယ်။

Share

Loading Next Article...
က္က