ဒိန်းမတ်နဲ့ အင်္ဂလန်တို့ တစ်ဂိုးစီ သရေကျခဲ့တဲ့ ယူရိုအုပ်စု ဒုတိယပွဲစဉ်အပြီးမှာ ဒိန်းမတ်ဂိုးသမား ကက်စ်ပါရှမိုက်ကယ်နဲ့ သူ့အဖေ ပီတာရှမိုက်ကယ်တို့အကြား အမှတ်တရတွေကို ဖန်တီးနိုင်ခဲ့ကြောင်း သိရှိရပါတယ်။ ဒီပွဲရလဒ်က ဒိန်းမတ်အတွက် နောက်တစ်ဆင့်ကို မျှော်လင့်ချက်ရှိစေခဲ့ပါတယ်။
ဒိန်းမတ်ဟာ အုပ်စုနှစ်ပွဲကစားပြီးချိန်မှာ နိုင်ပွဲမရရှိသေးပေမယ့် တစ်ပွဲမှ မရှုံးသေးဘဲ နှစ်ပွဲစလုံးမှာ တစ်ဂိုးစီ သရေကျခဲ့တာပါ။ အင်္ဂလန်ကတော့ အုပ်စုနှစ်ပွဲကစားပြီးချိန်မှာ (၄) မှတ်ရရှိထားပြီး နောက်တစ်ဆင့်အတွက် အခြေအနေကောင်းနေပါတယ်။
အဆိုပါပွဲအပြီးမှာ ရုပ်သံစီစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်နေတဲ့ ပီတာရှမိုက်ကယ်ကြီးက သူ့သားဖြစ်သူ ကက်စ်ပါရှမိုက်ကယ်ကို ပွဲအပြီး အင်တာဗျူးအဖြစ် မေးခွန်းတွေ မေးမြန်းခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ကက်စ်ပါက သူဝတ်ဆင်ထားတဲ့ ဂိုးသမားဂျာစီကို သူ့အဖေအတွက် လက်ဆောင်အဖြစ် ပေးအပ်ခဲ့ပါတယ်။
သားအဖနှစ်ယောက်စလုံး တစ်ယောက်ကို တစ်ယောက်ပွေ့ဖက် နှုတ်ဆက်ခဲ့ကြပြီး ဒီမြင်ကွင်းကို မြင်တွေ့ခဲ့ရတဲ့ ပရိသတ်တွေကလည်း ရှမိုက်ကယ်တို့ သားအဖရဲ့ အမှတ်တရတွေအတွက် ပီတိဖြစ်ခဲ့ရပါတယ်။ ပီတာရှမိုက်ကယ်ကလည်း “ငါ ပွဲပြီး အင်တာဗျူးတွေ အများကြီး လုပ်ခဲ့ဖူးပါတယ်”
“ဒါပေမယ့် ဒီလိုမျိုး ငါ့သားနဲ့ ပွဲပြီးအင်တာဗျူး တစ်ခါမှမလုပ်ခဲ့ဖူးပါဘူး” လို့ ပြောကြားခဲ့ပါသေးတယ်။ နှစ်ယောက်စလုံးက ဒိန်းမတ်အတွက် ဂန္တဝင်ဂိုးသမားကြီးတွေဖြစ်ကြပြီး ကက်စ်ပါရဲ့ ဒိန်းမတ်ပွဲတိုင်း ပီတာရှမိုက်ကယ်ကြီးက လိုက်ပါအားပေးနေခဲ့တာပါ။