ထိုင်းနိုင်ငံ ခွန်ကန်က တိရစ္တာန်ရုံစောင့်ဟာ ချောင်ဘွိုင်းလို့ အမည်ပေးထားတဲ့ ခြင်္သေ့ကြောင့် အနိုင်ရရှိမယ့်အသင်းကို ကြိုတင်သိရှိခဲ့ပြီး ဖြစ်ပါတယ်။

ထိုင်းနိုင်ငံက ဟောကိန်း ၉၀ ရာခိုင်နှုန်းအထိ အောင်မြင်မှုရှိတဲ့ အကြားအမြင်စိတ်စွမ်းအားရှင် ခြင်္သေ့က အင်္ဂလန်နဲ့ ပြင်သစ်တို့ တွေ့ဆုံယှဉ်ပြိုင်မယ့်ပွဲစဉ်ရဲ့ ရလဒ်ကို ဟောကိန်းထုတ်ခဲ့ပါတယ်။

ဆောက်ဂိတ်ရဲ့အသင်းဟာ စနေနေ့ညနေမှာ လက်ရှိ ကမ္ဘာ့ချန်ပီယံ ပြင်သစ်အသင်းကို အယ်လ် ဘေ့တ်ကွင်းမှာ ရင်ဆိုင်သွားရမှာဖြစ်ပြီး ၂ သင်းစလုံးဟာ အုပ်စုအဆင့်နဲ့ ၁၆ သင်းရှုံးထွက်အဆင့်မှာ ခြေစွမ်းကောင်းပြသနိုင်ခဲ့ပြီးနောက် ကမ္ဘာ့ဖလားကို ရရှိဖို့ ရေပန်းအစားဆုံးအသင်းတွေအဖြစ် ယူဆခြင်းခံနေရတာဖြစ်ပါတယ်။ ထိုင်းနိုင်ငံ ခွန်ကန်က တိရစ္တာန်ရုံစောင့်ဟာ ချောင်ဘွိုင်းလို့ အမည်ပေးထားတဲ့ ခြင်္သေ့ကြောင့် အနိုင်ရရှိမယ့်အသင်းကို ကြိုတင်သိရှိခဲ့ပြီး ဖြစ်ပါတယ်။

ချောင်ဘွိုင်းဟာ ကမ္ဘာ့ဖလားမှာ ပွဲစဉ်တိုင်း အနိုင်ရရှိမယ့်သူကို ဟောကိန်းထုတ်ပေးရင်းနဲ့ လူအများကြားမှာ ထင်ပေါ်ကျော်ကြားလာသူဖြစ်ပြီး ဒီနေရာမျာ အသက် ၉ နှစ်သားအရွယ် ခြင်္သေ့က ဘယ်လို ခန့်မှန်းပေးတာလဲဆိုတဲ့မေးခွန်း မေးစရာရှိလာပါတယ်။ ချောင်ဘွိုင်းရဲ့ ကမ္ဘာ့ဖလားမှာ အနိုင်ရရှိမယ့်အသင်းကို ရွေးချယ်ပုံကတော့ သက်ဆိုင်ရာ နိုင်ငံအလံတွေအောက်မှာ ဆွဲထားတဲ့ ကြက်ပေါင်တွေကို ခုန်ဟပ်ပြီး အနိုင်ရရှိမယ့်အသင်းကို ရွေးချယ်ပေးတာဖြစ်ပြီး လက်ရှိအချိန်အထိတော့ အကြားအမြင်စိတ်စွမ်းအားရှင် ခြင်္သေ့ရဲ့ ခန့်မှန်းချက် အများစုဟာ မှန်ကန်ခဲ့တာဖြစ်ပါတယ်။

ချောင်ဘွိုင်းဟာ အင်္ဂလန်နဲ့ ပြင်သစ်တို့ကြား အနိုင်ရရှိမယ့်အသင်းကို ရွေးချယ်ရာမှာ အစပိုင်းတော့ နည်းနည်း ဇဝေဇဝါ ဖြစ်နေခဲ့ပုံပေါ်ပြီး စက္ကန့်အနည်းငယ်လောက် စဉ်းစားပြီးနောက်မှာတော့ ပြင်သစ်အလံနဲ့အတူ ချိတ်ဆွဲထားတဲ့ ကြက်ပေါင်ကို ခုန်ဟပ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ချောင်ဘွိုင်းရဲ့ နောက်ထပ်ကွာတားဖိုင်နယ်ပွဲစဉ်နဲ့ပတ်သက်ပြီး ရွေးချယ်မှုကို သိမယ်ဆိုရင် အားလုံး အံ့အားသင့်သွားမှာဖြစ်ပြီး အာဂျင်တီးနားက နယ်သာလန်ကို အနိုင်ရမယ်လို့ ထောက်ခံခဲ့ပြီး ဘရာဇီးလ်က ခရိုအေးရှားကို နိုင်၊ မော်ရိုကိုက ပေါ်တူဂီကို အံ့အားသင့်ဖွယ် အနိုင်ယူသွားမယ်လို့ ဟောကိန်းထုတ်ခဲ့တာဖြစ်ပါတယ်။


ဒါကြောင့် ချောင်ဘွိုင်းရဲ့ ဟောကိန်းက ဘယ်လောက်မှန်ကန်မလဲဆိုတာကို ယနေ့ည ခရိုအေးရှားနဲ့ ဘရာဇီးလ်၊ နယ်သာလန်နဲ့ အာဂျင်တီးနားတို့ရဲ့ ပွဲစဉ်ရလဒ်တွေကို စောင့်ကြည့်သွားဖို့သာ ကျန်တော့တာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က