ဆမ်ပိုင်ယိုဟာ အင်္ဂလန်အသင်းကို ပင်နယ်တီ ၂ ကြိမ်အထိ ပေးခဲ့ပေမယ့်လည်း ဘရာဇီးလ် ကွင်းလယ်ဒိုင်ဟာ ၎င်းရဲ့ စွမ်းဆောင်ရည်ကြောင့် ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

အင်္ဂလန်အသင်းပရိသတ်တွေဟာ အငြင်းပွားဖွယ် ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့တဲ့ ကွင်းလယ်ဒိုင် ဝီလ်တန် ဆမ်ပိုင်ယိုရဲ့ ဝီကီပီးဒီးယားက ကိုယ်ရေးအကျဉ်းစာမျက်နှာကို ပြင်ဆင်ပြီး ပြင်သစ်ကို ကွာတားဖိုင်နယ်မှာ ရှုံးနိမ့်ခဲ့မှုအတွက် တုံ့ပြန်ခဲ့ပါတယ်။

ဆမ်ပိုင်ယိုဟာ အင်္ဂလန်အသင်းကို ပင်နယ်တီ ၂ ကြိမ်အထိ ပေးခဲ့ပေမယ့်လည်း ဘရာဇီးလ် ကွင်းလယ်ဒိုင်ဟာ ၎င်းရဲ့ စွမ်းဆောင်ရည်ကြောင့် ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ ပထမပိုင်းမှာ ဘူကာယို ဆာကာကို အူပါမီကာနို ပြစ်ဒဏ်ကျူးလွန်ခဲ့တာကို ပြစ်ဒဏ်ဘော မပေးခဲ့တာကြောင့် ပြင်သစ်အသင်းဟာ အဲဒီကနေတဆင့် ချူအာမေနီရဲ့ ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

အူပါမီကာနိုက နောက်ထပ်တစ်ကြိမ် ဟာရီ ကိန်းကို ပင်နယ်တီဧရိယာအစပ်မှာ ပြစ်ဒဏ်ကျူးလွန်ခဲ့မှုက အပြစ်ပေးခြင်းမခံခဲ့ရတာဖြစ်ပြီး VAR က ဖျက်ထုတ်မှုဟာ ပင်နယ်တီဧရိယာအပြင်ဘက်မှာ ဖြစ်ပွားခဲ့တယ်လို့ ယူဆခဲ့တာကြောင့် ပင်နယ်တီ ပေးအပ်ခြင်း မခံခဲ့ရတာ ဖြစ်ပါတယ်။ အင်္ဂလန်အသင်းရဲ့ ဒုတိယမြောက် ပင်နယ်တီကလည်း အစပိုင်းတုန်းက ခွင့်ပြုပေးခြင်းမခံခဲ့ရတာဖြစ်ပြီး သီယို ဟာနန်ဒက်ဇ်က မေဆန် မောင့်ကို ပြစ်ဒဏ်ကျူးလွန်ခဲ့တာ သိသာပေမယ့် VAR ကို သွားကြည့်ပြီးမှ ပင်နယ်တီကန်ခွင့်ပေးခဲ့တာဖြစ်ပါတယ်။

ဒေါသထွက်နေတဲ့ အင်္ဂလန်ပရိသတ်တွေဟာ ဒိုင်လူကြီး ဆမ်ပိုင်ယိုရဲ့ ဝီကီပီးဒီးယားစာမျက်နှာကို ပြောင်းလဲပြီး ပညာပေးဖို့ ဆုံးဖြတ်ခဲ့ကြပြီး ကိုယ်ရေးအကျဉ်းထဲမှာ "ဆမ်ပိုင်ယိုဟာ ပြင်သစ်ပရိသတ်နဲ့ ဘရာဇီးလ်လူမျိုး ဘောလုံးဒိုင်လူကြီးဖြစ်ပါတယ်။ သူဟာ ပြင်သစ်ဘက်ကို မျက်နှာသာပေးပြီး ဆုံးဖြတ်ချက် ချမှတ်ခဲ့တဲ့အတွက် မကြာသေးမီကမှ အမ်ဘာပေရဲ့ ပေါင်ပေါ်တက်ထိုင်ပြီး ပွတ်သီးပွတ်သပ်အက ကပေးဖို့ ကမ်းလှမ်းခြင်းခံခဲ့ရပါတယ်"လို့ ပြောင်းလဲ ရေးသားခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က