နယူးကာဆယ်ပိုင်ရှင်သစ်က စတာလင်၊ လင်ဂတ်နဲ့ ဒီကလန်ရိုက်တို့ကို ခေါ်ယူဖို့ ကြိုးစားနေတယ်လို့ သတင်းတွေထွက်နေချိန်မှာ ဖာဒီနန်ကပါ တွန်းအားပေးခဲ့တာဖြစ်ပါတယ်။
ဘောလုံးပွဲဝေဖန်သုံးသပ်သူအဖြစ်ဆောင်ရွက်နေတဲ့ ရီယိုဖာဒီနန်က နယူးကာဆယ်ပိုင်ရှင်အသစ်အနေနဲ့ အရည်အသွေးရှိအင်္ဂလန်လူငယ်ကစားသမားတွေနဲ့ အသင်းကိုတည်ဆောက်သင့်တယ်လို့ အကြံပေးပြောဆိုလိုက်ပါတယ်။ လက်ရှိမှာ နယူးကာဆယ်ပိုင်ရှင်သစ်က စတာလင်၊ လင်ဂတ်နဲ့ ဒီကလန်ရိုက်တို့ကို ခေါ်ယူဖို့ ကြိုးစားနေတယ်လို့ သတင်းတွေထွက်နေချိန်မှာ ဖာဒီနန်ကပါ တွန်းအားပေးခဲ့တာဖြစ်ပါတယ်။
"စတာလင်လို ကစားသမားမျိုးကို ကျွန်တော်မြင်မိပါတယ်၊ စတာလင်က ပုံမှန်ကစားခွင့်မရဘူးဖြစ်နေတယ်၊ သူ့ကို ကျွန်တော် မေးချင်တာရှိပါတယ်၊ ဒီကလန်ရိုက်ကိုရောပေါ့၊ ဘာတွေဖြစ်နေလဲဆိုပြီးတော့ ကျွန်တော်မေးချင်ပါတယ်၊ ဒီကစားသမားနှစ်ယောက်က ကျွန်တော်လိုချင်တဲ့ ကစားသမားတွေထဲမှာ ထိပ်ဆုံးကပါ၊ နောက်ထပ်ဆိုရင်တော့ လင်ဂတ်ကို ကျွန်တော်ကြိုးစားသွားမှာပါ၊ သူတို့နဲ့ ဆွေးနွေးမှုလုပ်တာမျိုးက ပိုပြီးလက်တွေ့ကျပါတယ်"
"မက်စ်အာရွန်၊ နော်ဝှစ်ချ်ညာအစွန်ခံစစ်ကစားသမား၊ သူဆိုရင် ပရီးမီးယားလိဂ်မှာ၊ ပြီးတော့ ကွန်နာဂယ်လ်လာဟာ၊ သူတို့နှစ်ယောက်က နယူးကာဆယ်ကို ရောက်သင့်တဲ့သူတွေလို့ ကျွန်တော်ပြောချင်တယ်၊ နယူးကာဆယ်က အင်္ဂလိပ်ကလပ်ပါ၊ အင်္ဂလိပ်လူငယ်ကစားသမားတွေကို ကျွန်တော်ကတော့ ပိုလိုချင်တယ်" လို့ ဖာဒီနန်က ပြောဆိုခဲ့ကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။