အစီအစဉ်ပေါ် ပေါက်ကွဲနေသူတွေလည်း ရှိနေပါတယ်

အမေရိကန်ရဲ့ အကြီးဆုံး အွန်လိုင်းအစားအသောက်ပို့ဆောင်ရေးကုမ္ပဏီတစ်ခုဟာ အောက်ခြေဝန်ထမ်းကနေ အမှုဆောင်အရာရှိချုပ်အထိ တစ်ဦးမကျန် အစားအသောက်လိုက်ပို့ရမယ့် အစီအစဉ်တစ်ခု လုပ်ဆောင်လိုက်ပါတယ်။ 

ဆန်ဖရန်စ္စကိုအခြေစိုက် DoorDash အစားအသောက်ပို့ဆောင်ရေးဟာ ဝန်ထမ်းတိုင်း အနည်းဆုံး တစ်လတစ်ကြိမ် ပစ္စည်းလိုက်ပို့ရမယ့် WeDash ပရိုဂရမ်ကို ပြန်ပြီး စတင်တော့မယ်လို့ CNN သတင်းက ဖော်ပြထားပါတယ်။ ကိုဗစ်ကပ်အတွင်းမှာ ခဏရပ်နားထားတဲ့ WeDash အစီအစဉ်ဟာ DoorDash လုပ်ငန်းစတင် လည်ပတ်တဲ့ ၂၀၁၃ ခုနှစ်ကတည်းက လုပ်ဆောင်ခဲ့တဲ့ အစီအစဉ်တစ်ခုလို့ ဆိုပါတယ်။ 



Photo: CNN


WeDash ဟာ ကုမ္ပဏီရဲ့ ဝန်ဆောင်မှုရယူနေတဲ့ လူမှုဝန်းကျင်နဲ့ ထိတွေ့ပြီး ပရဟိတလုပ်ဆောင်ချက်တွေ ပိုလုပ်ဖြစ်စေဖို့ ရည်ရွယ်တဲ့ အစီအစဉ်လို့ ကုမ္ပဏီတည်ထောင်သူတွေက ပြောပါတယ်။ 

"ကုမ္ပဏီကြီးလာတာနဲ့အမျှ လုပ်ငန်းတည်ထောင်သူတွေဟာ လူတိုင်းကို ကျွန်တော်တို့ ထုတ်ကုန်ရဲ့ မတူတဲ့အစိတ်အပိုင်းတွေကို ထိတွေ့ခံစားစေချင်ပါတယ်။ ဒီလိုနဲ့ ထုတ်ကုန်က ဘယ်လို အလုပ်လုပ်တယ်ဆိုတာကို ပရိသတ်တွေ နားလည်ရင်းနှီးလာစေနိုင်ပါတယ်။ " လို့ DoorDash ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။ 

အစီအစဉ်မှာ ပါဝင်တဲ့ဝန်ထမ်းတွေဆီက ရတဲ့ ငွေတွေကို အကျိုးအမြတ်မယူတဲ့ ပရဟိတအဖွဲ့အစည်းတွေဆီ လှူသွားမယ်လို့ ဆိုပါတယ်။ WeDash အစီအစဉ်မှာ အစားအသောက်ပို့ဆောင်‌ရေးဝန်ထမ်းတွေအပြင် Delivery ဝန်ထမ်းမဟုတ်တဲ့ အင်ဂျင်နီယာနဲ့ အကြီးတန်းအမှုဆောင်အရာရှိတွေလည်း ပါဝင်မှာ ဖြစ်ပြီး ဇန်နဝါရီလထဲမှာ စတင်သွားမှာ ဖြစ်ပါတယ်။ DoorDash ဝန်ထမ်းတွေထဲမှာတော့ WeDash အစီအစဉ်ပေါ် မကျေနပ်မှုတွေ ရှိနေပါတယ်။ 

SFGate သတင်းတစ်ပုဒ်မှာတော့ ဒီအစီအစဉ်နဲ့ ပတ်သက်ပြီး အမည်မသိရတဲ့ DoorDash အင်ဂျင်နီယာတစ်ယောက်က Blind လူမှုကွန်ရက်ပလက်ဖောင်းပေါ်မှာ စာအရှည်ကြီး ရေးပြီး ဒီလို ပစ္စည်းလိုက်ပို့ဖို့ DoorDash မှာ အလုပ်ဝင်ခဲ့တာ မဟုတ်ကြောင်းနဲ့ သူ့အလုပ်တာဝန်ထဲမှာ လစဉ် Delivery လိုက်ပို့ရမယ်လို့ မပါကြောင်း ရေးပြီး ပေါက်ကွဲခဲ့ပါတယ်။ DoorDash ကတော့ Blind ပေါ်က ပြောဆိုချက်ဟာ ဝန်ထမ်းထုတစ်ရပ်လုံးကို ကိုယ်စားမပြုကြောင်း ဒီအစီအစဉ်ဟာ ကုမ္ပဏီထောင်ချိန်ကတည်းက လုပ်ခဲ့တဲ့ အစီအစဉ်ဖြစ်ကြောင်း တုံ့ပြန်ထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က