ဗိုင်းရပ်စ်က မည်သူမည်ဝါ ခွဲခြားမှုမရှိဘဲ လူတိုင်းကို ကူးစက်ကြောင်း ဒုတိယဝန်ကြီးက သတိပေးပါတယ်

COVID-19 ရောဂါဗိုင်းရပ်စ်ကြောင့် သေဆုံးမှုနဲ့ ကူးစက်မှုတွေ သိသိသာသာ မြင့်တက်နေတဲ့ အီရန်နိုင်ငံမှာ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး အိုင်ရက်ဂျ်ဟာရီချီ ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း စစ်ဆေးအတည်ပြုခဲ့ပါတယ်။

ကျွန်တော်လည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရပါတယ်


(Photo: Time)

ဒုတိယဝန်ကြီး ဟာရီချီထံမှာ ဗိုင်းရပ်စ်ကူးစက်မှုကို ဖေဖေါ်ဝါရီ ၂၅ ရက်နေ့က စစ်ဆေးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဟာရီချီဟာ အစိုးရအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် အလီရာဘီအီနဲ့အတူ ဖေဖေါ်ဝါရီ ၂၄ ရက်နေ့က တီဟီရန်မြို့တော်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဥ်အတွင်း တစ်ခါတရံ ချောင်းဆိုးခဲ့ပြီး ချွေးများထွက်နေပုံရတယ်လို့ ဆိုပါတယ်။

ထိုစဥ်က Qom မြို့မှာ ဗိုင်းရပ်စ်ကြောင့် လူ ၅၀ ဦး သေဆုံးခဲ့ကြောင်း လွှတ်တော်အမတ်တစ်ဦးရဲ့ ပြောဆိုမှုအပေါ် ဒုတိယဝန်ကြီး ဟာရီချီက ငြင်းဆိုခဲ့ပြီး ထိုအရေအတွက်သာ မှန်ကန်ခဲ့ပါက ရာထူးမှနုတ်ထွက်မယ်လို့လည်း ပြောခဲ့ပါတယ်။ နိုင်ငံပိုင် ရုပ်မြင်သံကြားက ထုတ်လွှင့်ခဲ့တဲ့ ဗီဒီယိုတစ်ခုမှာတော့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဟာရီချီက ရဲရင့်မှုရှိတဲ့ မျက်နှာဟန်ပန်ဖြင့် ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း ဝန်ခံပြောကြားခဲ့တာ တွေ့ရပါတယ်။

ဗိုင်းရပ်စ်က မည်သူမည်ဝါ ခွဲခြားမှုမရှိဘဲ လူတိုင်းကို ကူးစက်ကြောင်း ဒုတိယဝန်ကြီးက သတိပေးပါတယ်

(Photo: AFP)

"ကျွန်တော်လည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရပါတယ်၊ တနင်္လာနေ့ ညပိုင်းမှာ ကိုယ်ပူလာခဲ့ပြီး ကနဦး စစ်ဆေးမှုအရ ညသန်းခေါင်လောက်မှာ ဗိုင်းရပ်စ်ရှိတာ သိခဲ့ရတယ်၊ အဲဒီအချိန်ကတည်းက ကျွန်တော် ကိုယ့်ဘာသာပဲ သီးသန့်နေခဲ့ပါတယ်၊ ပြီးခဲ့တဲ့ မိနစ်အနည်းငယ်တုန်းကတော့ ကျွန်တော့်မှာ ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း နောက်ဆုံး စစ်ဆေးမှုရလဒ် ထွက်ခဲ့ပါတယ်၊ အခုတော့ ကျွန်တော် ဆေးစသောက်နေပါပြီ၊ ကျွန်တော်တို့ ဒီဗိုင်းရပ်စ်ကို လာမယ့် သီတင်းပတ်အနည်းငယ်အတွင်းမှာ သေချာပေါက် အောင်အောင်မြင်မြင် တိုက်ထုတ်နိုင်မယ်ဆိုတာ ကျွန်တော် ခင်ဗျားတို့အားလုံးကို ပြောချင်ပါတယ်" လို့ အီရန်ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဟာရီချီက ဗီဒီယိုထဲမှာ ပြောခဲ့ပါတယ်။


(Photo: AFP)

သို့သော် ဗိုင်းရပ်စ်က မည်သူမည်ဝါ ခွဲခြားမှုမရှိဘဲ လူတိုင်းကို ကူးစက်ကြောင်း ဒုတိယဝန်ကြီး ဟာရီချီက အီရန်နိုင်ငံသားတွေကို သတိပေးခဲ့ပါတယ်။ ယခုရက်ပိုင်းအတွင်း အီရန်မှာ COVID-19 ဗိုင်းရပ်စ်မှုတွေ ရုတ်ချည်းမြင့်တက်လာခဲ့ပြီး ဖေဖေါ်ဝါရီ ၂၅ ရက် ညပိုင်းအထိ တရားဝင် စာရင်းတွေအရ ကူးစက်ခံရသူ ၉၅ ဦး တွေ့ရှိခဲ့ရပြီး ၁၆ ဦး သေဆုံးခဲ့ပါတယ်။

အီရန်ကဲ့သို့ပင် တောင်ကိုရီးယားနဲ့ အီတလီ နိုင်ငံတို့မှာလည်း ဗိုင်းရပ်စ်ကူးစက်ခံရသူနဲ့ သေဆုံးသူအရေအတွက် ရက်ပိုင်းအတွင်း မြင့်တက်လာခဲ့ပါတယ်။ ဖေဖေါ်ဝါရီ ၂၅ ရက် ညပိုင်းအထိ တောင်ကိုရီးယားမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၉၇၇ ဦးနဲ့ သေဆုံးသူ ၁၀ ဦး၊ အီတလီမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၈၃ ဦးနဲ့ သေဆုံးသူ ၇ ဦးရှိလာပါတယ်။


ဖေဖေါ်ဝါရီ ၂၅ ရက် ညပိုင်းအထိ ဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝှမ်းမှာ သေဆုံးသူအရေအတွက် ၂,၇၀၇ ဦးအထိ မြင့်တက်လာပါတယ်


(Photo: Reuters)


ဖေဖေါ်ဝါရီ ၂၅ ရက် ညပိုင်းအထိ ဗိုင်းရပ်စ်ကြောင့် တရုတ်ပြည်မကြီးမှာ သေဆုံးသူ ၂,၆၆၃ ဦး အပါအဝင် ကမ္ဘာတစ်ဝှမ်းမှာ သေဆုံးသူအရေအတွက် စုစုပေါင်း ၂,၇၀၇ ဦးအထိ မြင့်တက်လာပါတယ်။ ဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက်ဟာလည်း တရုတ်ပြည်မကြီးမှာ ၇၇,၆၅၈ ဦး အပါအဝင် ကမ္ဘာတစ်ဝှမ်း ၈၀,၃၃၂ ဦးဖြစ်ပြီး ပြန်လည်သက်သာသွားသူ၂၇,၈၇၈ ဦးရှိခဲ့ကြောင်း သိရပါတယ်။

ယမန်နှစ် ဒီဇင်ဘာလအတွင်း တရုတ်အလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရတဲ့ COVID019 ရောဂါဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO)

က ဇန်နဝါရီ ၃၀ ရက်နေ့မှာ သတ်မှတ်ကြေညာခဲ့ပါတယ်။ ဖေဖေါ်ဝါရီ ၂၄ ရက်မှာတော့

ဗိုင်းရပ်စ်ကူးစက်မှုဟာ ကမ္ဘာ့နေရာအနှံ့မှာ ဖြစ်ပွားလာနိုင်တဲ့ အလားအလာအတွက် ကြိုတင်ပြင်ဆင်ကြရန် WHO က သတိပေး ပြောကြားပါတယ်။

Source: AFP, The Telegraph


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က