တိကျတဲ့သတင်းရင်းမြစ်တော့ မရှိပေမယ့် ခေါ်ယူဖို့လုပ်နေတယ်လို့ ဖော်ပြနေကြပါတယ်။

ထိုင်းပြည်တွင်းဖလား ၃ လုံးစလုံးကို ဆွတ်ခူးထားနိုင်ခဲ့တဲ့ ထိုင်းနာမည်ကျော်ကလပ် ဘူရီယမ်ယူနိုက်တက်ဟာ ဂျေလိဂ်ကလပ် ဗစ်ဆဲလ်ကိုဘေးနဲ့ လမ်းခွဲတော့မယ့် နာမည်ကျော်စပိန်ကွင်းလယ်လူဟောင်း အင်နီယေစတာကို ခေါ်ယူဖို့ ကြိုးစားနေတယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပါတယ်။ အာဆီယံသတင်းရင်းမြစ်တွေက​ ဖော်ပြခဲ့တာဖြစ်ပြီး 

တိကျတဲ့ သတင်းမျိုးတော့ မရှိသေးပါဘူး။ 

ဒါပေမယ့်လည်း ဒီသတင်းဟာ ဖြစ်နိုင်ချေရှိတယ်လို့ အာဆီယံဘောလုံးအသိုင်းအဝိုင်းကြားမှာ သုံးသပ်နေပါတယ်။ အသက် ၃၉ နှစ်အရွယ် အင်နီယေစတာဟာ ဘာစီလိုနာနဲ့ စပိန်တို့မှာ ကွင်းလယ်ဗိုလ်ချုပ်တဦးအဖြစ် ခြေစွမ်းပြခဲ့ပြီး ဒီရာသီမှာတော့ ဂျေလိဂ်ကလပ်အတွက် ၅ ပွဲတည်းသာ ကစားပေးထားခဲ့ပြီး လမ်းခွဲဖို့ အတည်ပြုထားခဲ့သူလည်းဖြစ်ပါတယ်။ 


ကိုဘေးအတွက် အင်နီယေစတာက ၆ ရာသီကစားပေးခဲ့ပြီး ၁၃၃ ပွဲမှာ ၂၆ ဂိုးအထိ သွင်းယူပေးခဲ့ပါတယ်။ အင်နီယေစတာဟာ ဂျေလိဂ်ကလပ်နဲ့ နှုတ်ဆက်ပွဲမှာ ငိုကြွေးခဲ့ပြီး သူ ဘောလုံးဆက်ကစားဦးမယ်လို့ ပြောဆိုခဲ့ကာ အသင်းဟောင်း ဘာစီလိုနာကို ပြန်လာဖွယ်ရှိတယ်လို့လည်း သတင်းတွေထွက်ခဲ့ပါတယ်။
 


ဘူရီယမ်နဲ့ အင်နီယေစတာတို့ကတော့ ဒီသတင်းအတွက် တစုံတရာပြောဆိုထားခြင်းမရှိပါဘူး။ တကယ်လို့သာ ဘူရီယမ်အနေနဲ့ အင်နီယေစတာကို ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် ထိုင်းလိဂ်မှာ ကမ္ဘာ့အဆင့်ကွင်းလယ်လူဟောင်းတဦးကို မြင်တွေ့ရမှာဖြစ်ပြီး ပရိသတ်စိတ်ဝင်စားမှုမြင့်တက်လာမှာဖြစ်သလို အင်နီယေစတာကြောင့်လည်း အကျိုးသက်ရောက်မှုတွေက အများကြီးဖြစ်လာနိုင်ဖွယ်ရာ ရှိနေပါတယ်။ 

Share

Loading Next Article...
က္က