လေကြောင်းတိုက်ခိုက်မှု ဆင်နွှဲပြီး အီရန်ရဲ့ ထိပ်တန်း ဗိုလ်ချုပ်ကြီးတစ်ဦးကို သတ်ခဲ့ပြီးနောက် အီရန်နဲ့ အမေရိကန် နှစ်နိုင်ငံအကြား စစ်ရေးတင်းမာမှု မြင့်တက်နေပါတယ်။
ကွန်ဂရက်ခေါင်းဆောင်တွေကို အသိမပေးဘဲ သမ္မတထရမ့်ဟာ အီရန်ထိပ်တန်း စစ်ဦးစီးမှူးဖြစ်သူ ကာဆင်ဆူလေမာနီကို ဘဂ္ဂဒက်လေဆိပ်မှာ ဒရုန်းနဲ့ လုပ်ကြံသတ်ဖြတ်ခဲ့ပါတယ်။ ဒီနောက်မှာတော့ အီရန်ကို စစ်ဆင်နွှဲမယ့်အပေါ် လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး Twitter ပေါ် တင်မှာ ဖြစ်လို့ သတင်းသစ် သိရဖို့ သူ့အကောင့်ကို follow လုပ်ထားဖို့ အမေရိကန်သမ္မတထရမ့်က ကွန်ဂရက်ကို ပြောကြားလိုက်ပါတယ်။
Photo: The Verge
Twitter မှာ တင်မယ့် အီရန်စစ်အကြောင်း မီဒီယာပို့စ်တွေဟာ အမေရိကန်ကွန်ဂရက်လွှတ်တော်အတွက် အသိပေးချက်တွေ ဖြစ်လာမယ်လို့ သမ္မတက Twitterမှာ ရေးတင်ခဲ့ပါတယ်။ အမေရိကန်အနေနဲ့ အလျင်အမြန် အပြည့်အဝ လက်တုန့်ပြန်မှာ ဖြစ်ပြီး မသင့်တော်တဲ့ လုပ်ရပ်လည်း လုပ်ဆောင်နိုင်တယ်လို့ ဆိုပါတယ်။
သမ္မတကတော့ ဥပဒေနဲ့အညီ အသိပေးတာမျိုး လုပ်မှာလည်း မဟုတ်ဘူးလို့ ခြိမ်းခြောက်ထားပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက်နေ့ကလည်း Twitter ပေါ်ကနေ အီရန်ရဲ့ ယဉ်ကျေးမှု နယ်မြေတွေအပါအဝင် ပစ်မှတ် ၅၂ ခုကို ဖျက်ဆီးသွားမယ်လို့လည်း ခြိမ်းခြောက်ခဲ့တာပါ။
အီရန်ပစ်မှတ် ၅၂ ခုဟာ ၁၉၇၉ နိုဝင်ဘာ၄ ရက်နေ့ကနေ ၁၉၈၁ ခုနှစ် ဇန်နဝါရီ ၂၀ ရက်နေ့အထိ တီဟီရန်မှာ ရှိတဲ့ အမေရိကန်သံရုံးမှာ ရက်ပေါင်း ၄၄၄ ရက်ကြာ အီရန်ဘက်က ဖမ်းဆီး ထိန်းသိမ်းခံထားခဲ့ရတဲ့ အမေရိကန် နိုင်ငံသား ၅၂ ဦးကို ကိုယ်စားပြုတယ်လို့လည်း သမ္မတထရမ့်က ဆိုပါတယ်။ ပစ်မှတ်နေရာအကြောင်း အချက်အလက်တွေကိုတော့ သမ္မတက ပြောကြားခြင်း မရှိပါဘူး။
သမ္မတထရမ့်ဟာ Twitter ကို စွဲစွဲမြဲမြဲသုံးသူ ဖြစ်ပြီး လူမှုကွန်ရက်ကနေတစ်ဆင့် ရန်သူတွေကို ခြိမ်းခြောက်ပြောကြားချက်တွေ လုပ်ဆောင်လေ့ရှိပါတယ်။ သမ္မတတစ်ယောက်အနေနဲ့ အံ့ဩစရာကောင်းတဲ့ အမိန့်နဲ့ ကြေညာချက်တွေကို Twitter ပေါ်ကနေ ထုတ်ပြန်လေ့ရှိပြီး မြောက်ကိုရီးယားလို နိုင်ငံကိုပါ လူမှုကွန်ရက်နေ ခြိမ်းခြောက်မှု လုပ်ဆောင်ခဲ့ပါတယ်။
Photo: Daily Mail
ဖက်ဒရယ်အေဂျင်စီတွေအနေနဲ့ သမ္မတရဲ့ Twiiter အသုံးပြုမှုကို ထိန်းချုပ်ညှိနှိုင်းဖို့ ကြိုးစားခဲ့ပါတယ်။ ပလက်ဖောင်းပေါ်ကနေ စစ်ရေး ခြိမ်းခြောက်မှု လုပ်နေပေမယ့် Twitter ကတော့ သမ္မတရဲ့ အကောင့်ကို အရေးယူမှု လုပ်သွားဖို့ မရှိပါဘူး။
Twitter ကုမ္ပဏီဟာ ၂၀၁၈ ဇန်နဝါရီလထဲမှာ နိုင်ငံခေါင်းဆောင်တွေရဲ့ အကောင့်တွေကို ဖယ်ရှားခြင်း ပို့စ်တွေကို ပိတ်ပင်ခြင်းဟာ အရေးကြီးတဲ့ အချက်အလက်တွေ လက်လွတ်စေနိုင်ကြောင်း ကြေညာခဲ့ပါတယ်။