စပွန်ဆာပို့စ်တခုတင်တိုင်း ပေါင်သန်းနဲ့ချီ ဝင်ငွေရရှိနေတာပါ။

ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုဟာ အင်စတာဂရမ်မှာ ပို့စ်တခုတင်တိုင်း ဝင်ငွေအားဖြင့် ပေါင် (၁.၇၂) သန်းအထိ ရရှိနေတယ်လို့ အချက်အလက်တွေက ဖော်ပြလာပါတယ်။ ရော်နယ်ဒိုဟာ မကြာခင်ကပဲ အင်စတာဂရမ်မှာ Follower သန်း (၄၀၀) ပြည့်မြောက်ခဲ့ပြီး သူနဲ့အနီးကပ်ဆုံး Follower အများဆုံးပုဂ္ဂိုလ်က Kylie Jenner ဖြစ်တယ်လို့ သိရပါတယ်။



ဒါပေမယ့် Kylie Jenner ရဲ့ Follower ကလည်း (၃၀၉) သန်းသာရှိတာကြောင့် ရော်နယ်ဒိုကတော့ သူနဲ့အနီးဆုံး Follower အများဆုံးလူပုဂ္ဂိုလ်ထက် သန်း (၁၀၀) နီးပါး ပိုမိုများပြားနေပါတယ်။

ရော်နယ်ဒိုဟာ နောက်ဆုံး (၅) လအတွင်း အင်စတာဂရမ်မှာ Follower (၁၆၃) သန်းအထိ အံ့အားသင့်ဖွယ် မြင့်တက်လာခဲ့ပြီး ဒီလိုမျိုးဖြစ်ခဲ့ခြင်းရဲ့ အကျိုးဆက်ကိုလည်း ခံစားခွင့်ရရှိနေပါတယ်။

လောင်းကစားကျွမ်းကျင် OLGB က ဖော်ပြလာတဲ့ အချက်အလက်မှတ်တမ်းတွေအရ ရော်နယ်ဒိုဟာ အင်စတာဂရမ်ပေါ်မှာ စပွန်ဆာပို့စ်တခုတင်ပေးရုံနဲ့ ဝင်ငွေ ပေါင် (၁.၇၂) သန်းအထိ ရရှိနေတယ်လို့ သိရှိရပါတယ်။ ယူနိုက်တက်မှာ တပတ်လုပ်ခ ပေါင် (၄၈၀,၀၀၀) ရရှိနေတဲ့ ရော်နယ်ဒိုအတွက်တော့ အင်စတာဂရမ်ကနေရရှိနေတဲ့ ဝင်ငွေက ကွင်းတွင်းဝင်ငွေထက် သုံးဆကျော်အထိ ပိုမိုများပြားနေတာလည်းဖြစ်ပါတယ်။  

နာမည်ကျော် ဖောဘတ်စ်မဂ္ဂဇင်းရဲ့ဖော်ပြချက်အရလည်း ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ (၂၀၂၁) မှာ ဝင်ငွေစုစုပေါင်း အမေရိကန်ဒေါ်လာ သန်း (၁၂၀) အထိရရှိခဲ့တယ်လို့ သိရှိရပါတယ်။

ရော်နယ်ဒိုဟာ ဂျူဗင်တပ်စ်၊ ယူနိုက်တက်တို့မှာ လစာငွေအဖြစ် အမေရိကန်ဒေါ်လာသန်း (၇၀) ဝန်းကျင်ရရှိခဲ့ပြီး စပွန်ဆာစာချုပ်အပါအဝင် ကွင်းပြင်ပကတဆင့် ရရှိတဲ့ ဝင်ငွေက အမေရိကန်ဒေါ်လာသန်း (၅၀) ရှိတယ်လို့ ဖောဘတ်စ်က ဖော်ပြခဲ့ပါတယ်။ 

Share

Loading Next Article...
က္က