သူ့ပြောဆိုမှုအပေါ် အားလုံးက အံ့အားသင့်နေကြပါတယ်။

ချယ်လ်ဆီးတိုက်စစ်မှူး ကိုးလ်ပယ်လ်မာက အသင်းဖော်နီကိုလပ်ဂျက်ဆန်အနေနဲ့ လေ့ကျင့်ကွင်းမှာ ကြိုးစားအားထုတ်ဖို့ လိုသေးတယ်လို့ ပြောဆိုလိုက်ပါတယ်။ စပါးကို အနိုင်ရရှိခဲ့တဲ့ ပွဲအပြိး အင်တာဗျူးမှာ သူက ပြောဆိုခဲ့တာဖြစ်ပြီး ဒီလိုပြောဆိုခဲ့တဲ့အပေါ်မှာ အင်တာဗျူးတဲ့သူကပါ အံ့အားသင့်ခဲ့ရတဲ့အထိ ဖြစ်ခဲ့ရပါတယ်။ 

ဂျက်ဆန်ဟာ စပါးအတွက် ဟက်ထရစ်သွင်းယူကာ ခြေစွမ်းပြသခဲ့တာဖြစ်ပါတယ်။ ချယ်လ်ဆီးကစားသမားဘ၀ ပထမဆုံးဟက်ထရစ်ကို သူ ရယူနိုင်ခဲ့တာ​ဖြစ်ပြီး ပျော်ရွှင်စရာ ညတညကို ပိုင်ဆိုင်ခဲ့တာဖြစ်ပေမယ့် အသင်းဖော်ဆီက ဒီလိုပြောဆိုမှုက သူ့အတွက် အနည်းငယ်စိတ်ပျက်စရာဖြစ်ခဲ့မှာတော့ သေချာပါတယ်။ 



အင်တာဗျူးမှာ ပယ်လ်မာက "သူ့အတွက် အစပိုင်းက ခက်ခဲခဲ့ပါတယ်၊ ဒါက ဖုံးကွယ်ထားစရာမရှိပါဘူး၊ ဒါပေမယ့် ဒီနေ့ညမှာတော့ သူ အရမ်းကောင်းခဲ့ပါတယ်၊ သူ မော်ကြွားတာမျိုးမလုပ်သေးဘဲ လေ့ကျင့်ရေးကွင်းမှာ ကြိုးစားအားထုတ်ဖို့လိုပါသေးတတယ်၊ ဟက်ထရစ်တွေ ပိုရဖို့အတွက်ပေါ့" လို့ ပြောဆိုခဲ့ပါတယ်။ 

အင်တာဗျူးသူက "ကြိုးစားရဦးမယ်လို့ မင်းပြောတာလား" လို့ ထပ်မံမေးမြန်းခဲ့ရာမှာ ပယ်လ်မာက "ဟုတ်ပါတယ်၊ မင်း အမြဲတမ်းကြိုးစားနေရမှာလေ" လို့ ပြန်ပြောသွားခဲ့ပါတယ်။ ဒီအင်တာဗျူးမှာ ဂျက်ဆန်ကလည်း ပယ်လ်မာနဲ့အတူ ရှိနေခဲ့တာဖြစ်ပြီး ပရိသတ်တွေကတော့ ဒီလိုပြောဆိုတာဟာ အသင်းဖော်ကို မလေးစားတာဖြစ်တယ်လို့ ဝေဖန်နေကြပါတယ်။ 

ဂျက်ဆန်ကတော့ ချယ်လ်ဆီးအတွက် ဒီရာသီမှာ ၆ ဂိုးအထိ သွင်းယူထားပြီးဖြစ်ပါတယ်။ သူ ကိုယ်တိုင်ကလည်း ကြိုးစားနေဖို့ လိုအပ်တယ်လို့ ပြောဆိုခဲ့ပြီး ဟက်ထရစ်သွင်းယူနိုင်ခဲ့လို့လည်း ပျော်ရွှင်မိကြောင်း ပြောဆိုခဲ့ပါတယ်။ 

Share

Loading Next Article...
က္က