ဝေဖန်ဖို့ စောင့်နေတဲ့သူတွေကတော့ ကြံဖန်ပြီးကို လှောင်ခဲ့ကြပါတယ်။

နယူးကာဆယ်နဲ့ ၁ ဂိုးစီသရေကျခဲ့တဲ့ပွဲမှာ ခြေစွမ်းမပြနိုင်ခဲ့တဲ့ ယူနိုက်တက်တိုက်စစ်မှူးရော်နယ်ဒိုကတော့ ပရိသတ်တွေရဲ့ လှောင်ပြောင်မှုတွေကို ခံနေရပြီဖြစ်ပါတယ်။ ပေါ်တူဂီတိုက်စစ်မှူးဟာ တပွဲလုံးမှာ ဂိုးပေါက်တကြိမ်မှမတည့်ခဲ့ဘဲ သွင်းဂိုး၊ ဖန်တီးမှုလည်းလုံး၀မရှိခဲ့ကာ ဘောလုံးထိတဲ့အကြိမ်စုစုပေါင်း ၃၅ ကြိမ်တည်းသာ ရှိခဲ့တဲ့အထိ ဖြစ်ခဲ့ရပါတယ်။ 



ပွဲချိန်ပြည့်ပါဝင်ကစားခွင့်ရခဲ့ပေမယ့် ရော်နယ်ဒိုဟာ အသင်းဖော်တွေဆီက ထိရောက်ပံ့ပိုးမှုတွေမရခဲ့သလို ကိုယ်တိုင်လည်း ဘောလုံးဆုံးရှုံးမှု၊ နေရာယူပုံမှားယွင်းမှုတွေရှိခဲ့ပါတယ်။ နော်ဝှစ်ချ်နဲ့ပွဲမှာ အသင်းအတွက် အနိုင်ဂိုးသွင်းယူပေးနိုင်ခဲ့ပေမယ့် စိန့်ဂျိမ်းစ်ပတ်မှာ သူ ဂိုးမြူးနေကျ အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ရော်နယ်ဒိုတယောက် ခြေပျောက်၊ ဂိုးပေါက်ပျောက်ခဲ့ရတာဖြစ်ပါတယ်။ 

ဒီပွဲရဲ့ ပွဲပြီးအင်တာဗျူးမှာ နယူးကာဆယ်အသင်းရဲ့ တိုက်စစ်မှူးဂျိုလင်တန်ဟာ သတင်းထောက်မေးမြန်းမှုကို ဖြေဆိုရင်း ချောင်းဆိုးမိခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကို ကြည့်ခဲ့ရတဲ့ ပရိသတ်တဦးက တွစ်တာမှာ အခုလိုပဲမှတ်ချက်ပြုခဲ့ပါတယ်။ "ဂျိုလင်တန်က ကိုဗစ်ဖြစ်နေတာလား မသိဘူး၊ အင်တာဗျူးမှာ သူ ချောင်းတွေဆိုးနေတယ်၊ ဒါတောင်မှ သူ ဒီနေ့ ရော်နယ်ဒိုထက်ကောင်းအောင် ကစားနိုင်တာပဲ" လို့ ရေးသားသွားခဲ့တာပါ။ 

ဒီရေးသားမှုက ရော်နယ်ဒိုရဲ့ ပရိသတ်တွေအတွက်တော့ တော်တော်လေးခံပြင်းစရာဖြစ်လာမှာ အမှန်ပါပဲ။ ပေါ်တူဂီတိုက်စစ်မှူးကလည်း အသင်းခြေစွမ်းကြောင့် စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့ပြီး သူကိုယ်တိုင်လည်း ဂိုးမသွင်းနိုင်ခဲ့လို့ ပျော်ရွှင်စရာကောင်းတဲ့ ညတညကို ကြုံတွေ့ခဲ့ရတာမဟုတ်ခဲ့ပါဘူး။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က