အမ်ဘာေပကတော့ သူ့ရဲ့အနာဂတ်အကြောင်းကို ရှုပ်ထွေးနေအောင် ထပ်ပြောလာခဲ့တာပါ။

PSG ရဲ့ ပြင်သစ်လက်ရွေးစင် ကြယ်ပွင့်ကစားသမားလေး အမ်ဘာပေဟာ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ အခုချိန်ထိ တိတိကျကျ ပြောဆိုခြင်းမရှိဘဲ အင်တာဗျူးအစီအစဥ်တွေမှာလည်း အမြဲတမ်း သွယ်ဝိုက်ပြောဆိုနေပါတယ်။ အခုတခါမှာလည်း အမ်ဘာပေက သူ့ရဲ့ အပြောင်းအရွှေ့ကိစ္စနဲ့ ပတ်သက်လို့ အခုလို ထပ်မံပြောကြားလာတာပါ။



အမ်ဘာပေက “မိုနာကိုကနေ PSG ကို ပြောင်းရွှေ့ခဲ့တာက လက်တွေ့ကျတဲ့ ကိစ္စတခုဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အခု ကျနော်ရှေ့ကို မျှော်ကြည့်လိုက်တော့ မစီစဥ်ထားတာတွေ ဖြစ်လာနိုင်ပါတယ်။ ပျော်စရာကြီးပေါ့။ ဒါကပဲ အားကစားရဲ့ အလှအပတခုဖြစ်နေတာလေ”

“ခင်ဗျားရဲ့ စိတ်ကို ပြောင်းလဲစေနိုင်တဲ့ ကိစ္စတွေ ဖြစ်နိုင်ပါတယ်။ လာမယ့်နှစ် (၂၀) မှာ ခင်ဗျား ဘာလုပ်နေမယ်ဆိုတာကို မခန့်မှန်းနိုင်ပါဘူး။ အတွေ့အကြုံနဲ့ ပိုက်ဆံဆိုရင်တော့ အတွေ့အကြုံကို ပိုယူချင်ပါတယ်။ ခင်ဗျားက ထောက်ပံ့ရမယ့်မိသားစုရှိရင်တောင် ပိုက်ဆံထက် အတွေ့အကြုံကိုပဲ ပိုဦးစားပေးသင့်ပါတယ်”

“ကျနော့်မိသားစုကတော့ ကျနော့်ဆုံးဖြတ်ချက်တွေကို ဘယ်တုန်းကမှ မဆန့်ကျင်ဖူးပါဘူး။ ကျနော် ငယ်ငယ်လေးတည်းက ဘာလုပ်၊ ဘာလုပ်ဆိုပြီး သူတို့ မပြောဖူးတာပါ”

“ဘယ်လမ်းက ကျနော့်အတွက် ပိုကောင်းမယ်ဆိုတာလောက်ပဲ ပြောခဲ့တာပါ။ တကယ်လို့ အဲ့ဒါမှားယွင်းသွားရင်လည်း ကျနော်က သူတို့ကို ဆန့်ကျင်နေမှာ မဟုတ်ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။

အမ်ဘာပေဟာ ရီးရဲယ်မက်ဒရစ်ကို ပြောင်းဖို့ စိတ်ပိုင်းဖြတ်ထားတယ်ဆိုပေမယ့် အခြားတဖက်မှာလည်း PSG နဲ့ စာချုပ်သစ်ကိစ္စဆွေးနွေးနေတဲ့အကြောင်း သူ့ရဲ့အမေဖြစ်သူက ပြောဖူးပါတယ်။ အင်တာဗျူးတွေမှာလည်း အမ်ဘာပေက အခုလိုပဲ လှည့်ပတ်ဖြေနေခဲ့တာကြောင့် အမ်ဘာပေရဲ့ အနာဂတ်နဲ့ ပတ်သက်လို့တော့ ဒွိဟဖြစ်နေရဦးမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က