ရိုဒရီရဲ့ သွင်းဂိုးက သူတို့ကို ချန်ပီယံဖြစ်စေခဲ့တာပါ။

မန်စီးတီး-အင်တာ ချန်ပီယံလိဂ်ဗိုလ်လုပွဲကတော့ သိပ်ပြီးထူးထူးခြားခ​ြားမရှိခဲ့ပါဘူး။ အင်တာမီလန်က ထုံးစံအတိုင်း ၃ ယောက်တန်းခံစစ်၊ ၅ ယောက်တန်းခံစစ်ကို အကူးအပြောင်းလုပ်ကစားခဲ့ပြီး မန်စီးတီးတိုက်စစ်ကို ကောင်းကောင်းဟန့်တားနိုင််ဖို့ အားထုတ်ခဲ့ပါတယ်။ မန်စီးတီးကတော့ အင်တာမီလန်ခံစစ်ကို ထိုးဖောက်ဖို့ ခက်ခဲနေခဲ့ပြီး နေရာလွတ်မရသလောက်ဖြစ်ခဲ့ကာ ရုန်းကန်ခဲ့ရပါတယ်။ 

ဒီကြားထဲ ဒီဘရိုင်းကလည်း ဒဏ်ရာရသွားလို့ လူစားလဲလိုက်ရလို့ ဒီပွဲက မန်စီးတီးအတွက် ထင်သလောက်မလွယ်တော့ဘူး ဖြစ်သွားပါတယ်။ အင်တာမီလန်က တိုက်စစ်ပိုင်းအားနည်းခဲ့လို့သာာ မန်စီးတီးခံသာခဲ့တာပါ။ အင်တာဂိုးသမားအိုနာနာကိုတော့ ချီးကျူးရမှာဖြစ်ပြီး တည်တည်ငြိမ်ငြိမ်ကစားနိုင်ခဲ့ပြီး ဟာလန်းရဲ့ အပိုင်ကန်ချက်ကို ကာကွယ်နိုင်ခဲ့ပါတယ်။ မန်စီးတီးက ဘောလုံးကိုင်ကစားနိုင်ခဲ့ပေမယ့် ထိရောက်မှုက နည်းပါးနေခဲ့ပြီး ပထမပိုင်းမှာ ဂိုးမရခဲ့ပါဘူး။ 

ကိုင်လီဝေါ်လ်ကာကို ချန်ထားခဲ့တဲ့အကျိုးဆက်က မန်စီးတီးညာခြမ်းတိုက်စစ်က အားနည်းနေခဲ့တာ သိသာခဲ့ပါတယ်။ ဘာနာဒိုဆေးလ်ဗား လှုပ်ကစားနေခဲ့ပေမယ့် သူတဦးတည်းနဲ့ အလုပ်မဖြစ်ခဲ့သလို ဟာလန်းကလည်း သူ့ကို ဘောလုံးပေးပို့နိုင်မယ့် အခွင့်အရေးမရှိခဲ့လို့ တိုက်စစ်မှာ တိုင်ပတ်နေခဲ့ရပါတယ်။ အင်တာမီလန်ရဲ့ ခံစစ်ကို စနစ်တကျကစားနိုင်ခဲ့ပုံက ချီးကျူးစရာကောင်းခဲ့ပြီး မန်စီးတီးကို သူတို့ကောင်းကောင်းရင်ဆိုင်ဖို့ အစီအမံရှိတယ်ဆိုတဲ့ စကားအတိုင်း အင်ဇာဂီက လုပ်ပြနိုင်ခဲ့ပါတယ်။



မန်စီးတီးကံကောင်းတာကတော့ ပွဲကစားချိန် ၆၈ မိနစ်မှာ တိုက်စစ်ဆင်နေရင်းကနေ ရိုဒရီရဲ့ အပိုင်ကန်သွင်းချက်ကနေ ဂိုးရခဲ့တာပါ။ အင်တာခံစစ်ပိုင်း အာရုံများသွားချိန်မှာ လူကပ်ကစားပုံပါ ပျက်ယွင်းခဲ့ပြီး မန်စီးတီးက အခွင့်ကောင်းယူနိုင်ခဲ့တာပါ။

ဒီဂိုးသွင်းပြီး သိပ်မကြာခင်ပဲ အင်တာတို့ ချေပဂိုးရဖို့ နိးစပ်ခဲ့ပေမယ့်လည်း ခေါင်းတိုက်သွင်းယူချက် တိုင်ထိထွက်ခဲ့သလို ပြန်ကန်ထွက်လာာတာာကို ခေါင်းထပ်တိုက်ရာမှာ လူကာကူနဲ့ ထိခဲ့လို့ နစ်နာခဲ့ရပြန်ပါတယ်။ အင်တာတို့ ချေပဂိုးပြန်ရဖို့အတွက် တိုက်စစ်မြှင့်လာခဲ့သလို မန်စီးတီးကလည်း သေချာပေါက်အနိုင်ရမယ့်ဖို့ နောက်ထပ်ဂိုးသွင်းဖို့ အားထုတ်ခဲ့လို့ ပွဲက မြိုင်ဆိုင်လာခဲ့ပြီး ဖိုဒန် အပိုင်အခွင့်အရေးတကြိမ်ရပေမယ့် အိုနာနာ ကာကွယ်နိုင်ခဲ့ပါတယ်။

ပွဲချိန်နောက်ပိုင်းမှာတော့ မန်စီးတီးက ခံစစ်ကို ပြန်ထိုင်ခဲ့ပြီး ပွဲထိန်းသွားခဲ့ပါတယ်။ အင်တာမီလန်ရဲ့ တိုက်စစ်က လေးဖင့်နေခဲ့ပြီး ဖိအားတွေလည်း များခဲ့တာကြောင့် ဂိုးရဖို့မလွယ်ကူခဲ့ဘဲ ချေပဂိုးနဲ့အလှမ်းဝေးခဲ့ပါတယ်။ ၈၈ မိနစ်မှာ လူကာကူရဲ့ ခေါင်းတိုက်ချက် ဂိုးပြီလို့ ထင်ခဲ့ပေမယ့်လည်း အီဒါဆန်ကာကွယ်နိုင်ခဲ့ကာ မန်စီးတီးနောက်ခံလူရှင်းထုတ်နိုင်ခဲ့လို့ ချေပဂိုးနဲ့ ဝေးခဲ့ရပါတယ်။ ဒါကြောင့် မန်စီးတီးတို့ ၁-၀ နဲ့ အနိုင်ရပြီး ချန်ပီယံလိဂ်ဖလားကို အသင်းသမိုင်းတလျှောက် ပထမဆုံးအကြိမ်ဆွတ်ခူးခဲ့ပါတယ်။ ဒါ့အပြင် တရာသီအတွင်း ဖလားသုံးလုံးစံချိန်ကိုလည်း ရယူနိုင်ခဲ့ကာ မြို့ခံပြိုင်ဘက်ယူနိုက်တက်ရဲ့ စံချိန်ကို လိုက်မီခဲ့ပြီစြဖ်ပါတယ်။

Share

Loading Next Article...
က္က