အသင်းနည်းပြ ဖီးလ်နဗီးလ်က ပြောကြားခဲ့တာပါ။

မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီရဲ့ ပိုင်ရှင်တွေထဲကတယောက်ဖြစ်တဲ့ ဒေးဗစ်ဘက်ခမ်းဟာ အင်တာမိုင်ယာမီကို ယူနိုက်တက်လိုမျိုး ကမ္ဘာကျော်အသင်းတသင်းဖြစ်လာဖို့အတွက် မျှော်လင့်တည်ဆောက်နေတယ်လို့ နည်းပြ ဖီးလ်နဗီးလ်က ပြောကြားခဲ့ပါတယ်။ ဖီးလ်နဗီးလ်နဲ့ ဒေးဗစ်ဘက်ခမ်းတို့နှစ်ယောက်လုံးဟာ ကစားသမားဘဝမှာ ယူနိုက်တက်အသင်းဖော်တွေအဖြစ် အတူတွဲကစားခဲ့ကြဖူးပါတယ်။



အခုချိန်မှာတော့ နှစ်ယောက်သားက အင်တာမိုင်ယာမီမှာ အသင်းပိုင်ရှင်နဲ့နည်းပြဆက်ဆံရေးအဖြစ် ပြန်လည်လက်တွဲနေကြပြီး ဒေးဗစ်ဘက်ခမ်းရဲ့ အသင်းအပေါ်မျှော်လင့်ချက်ကို ဖီးလ်နဗီးလ်က အခုလိုပဲ ပြောကြားခဲ့ပါတယ်။ ဖီးလ်နဗီးလ်က “ဘက်ခမ်းက အင်တာမိုင်ယာမီကို ကမ္ဘာကျော်အသင်းတသင်းဖြစ်စေချင်ပါတယ်”

“ကျနော်ကလည်း နည်းပြတယောက်အနေနဲ့ တော်တော်လေး ရည်မှန်းချက်ထားပြီး ထိပ်တန်းအဆင့် အရည်အချင်းမျိုးကို ပြသချင်ပါတယ်။ ဘက်ခမ်းနဲ့အခြားအသင်းပိုင်ရှင်တွေက ဒီအသင်းကို ကြီးကျယ်ခမ်းနားတဲ့ အသင်းဖြစ်စေချင်တာပါ။ ဒီအသင်းက အသင်းသစ်တသင်းဖြစ်ပြီး ဘက်ခမ်းကလည်း ဒီအသင်းကို ကောင်းကောင်းတည်ဆောက်နေပါတယ်”

“ဘက်ခမ်းက အသင်းကို အမှတ်ပေးချန်ပီယံဆု ဆွတ်ခူးစေချင်သလို ပြိုင်ပွဲတိုင်းကိုလည်း နိုင်စေချင်ပါတယ်။ ဒါက ကျနော်တို့ ယူနိုက်တက်မှာတုန်းက ထားခဲ့တဲ့ မျှော်လင့်ချက်မျိုးပါပဲ။ သူတို့က မေဂျာလိဂ်အသင်းတသင်းဖြစ်ရုံတင်မကပါဘူး၊ ကမ္ဘာကျော် ကုန်အမှတ်တံဆိပ်တခုဖြစ်ချင်တာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

ဒါ့အပြင် လက်ရှိ အင်တာမိုင်ယာမီမှာ ဖီးလ်နဗီးလ်ရဲ့သားဖြစ်သူ ဟာဗေးနဗီးလ်နဲ့ ဘက်ခမ်းရဲ့သားဖြစ်သူ ရိုမီယိုတို့ အသင်းဖော်တွေအဖြစ် အတူတွဲကစားနေကြပါတယ်။ အင်တာမိုင်ယာမီဟာ ရလဒ်ကောင်းတွေရရှိဖို့ ရုန်းကန်နေရသည့်တိုင်း အမေရိကမှာ ပျော်ရွှင်နေတယ်လို့လည်း ဖီးလ်နဗီးလ်က အခုလို ထပ်လောင်းပြောကြားခဲ့ပါသေးတယ်။

 

ဖီးလ်နဗီးလ်က “ဒီမှာ နေရထိုင်ရတဲ့ လူနေမှုဘဝက ကောင်းပါတယ်။ ကျနော်က အရာရာအသစ်ဖြစ်နေတဲ့ အသင်းတသင်းမှာရှိနေပြီး ရည်မှန်းချက်ကောင်းကောင်းလည်းရှိနေပါတယ်။ ကျနော် ဒီမှာပျော်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က