မက်ဆီက အင်တာမိုင်ယာမီမှာ ရှယ်ယာရာခိုင်နှုန်းတခုပါ ရရှိမယ်လို့ သတင်းထွက်ခဲ့တာပါ။

မက်ဆီတယောက် ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမယ့် လာမယ့် (၂၀၂၃) မှာ ဒေးဗစ်ဘက်ခမ်း ပူးတွဲပိုင်ဆိုင်တဲ့ မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီကို ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေက ဝေဝေဆာဆာ ဖော်ပြနေပါတယ်။ ဒီကစားသမားကို ခေါ်ယူဖို့ ဘက်ခမ်းတယောက် အမြဲတမ်း ဆန္ဒရှိခဲ့တာပါ။



မက်ဆီဟာ ပြီးခဲ့တဲ့နွေရာသီမှာ ဘာစီလိုနာကနေ ပဲရစ်မြို့ကို ပြောင်းရွှေ့လာခဲ့ပြီးနောက်ပိုင်း ခြေစွမ်းပိုင်း သိသိသာသာ ကျဆင်းနေခဲ့ပြီး ပီအက်စ်ဂျီပရိသတ်တွေရဲ့ ဝေဖန်မှုတွေနဲ့လည်း ပြန်လည်ရင်ဆိုင်နေရပါတယ်။ အဲ့ဒါကြောင့် မက်ဆီတယောက် လာမယ့်နွေရာသီမှာတင် ပီအက်စ်ဂျီနဲ့ ပြန်လည်ထွက်ခွာနိုင်ခြေရှိတယ်လို့လည်း သတင်းအချို့ကဆိုပါတယ်။

ဒါပေမယ့် မက်ဆီကတော့ စာချုပ်သက်တမ်းပြည့်တဲ့အထိ ပီအက်စ်ဂျီမှာ ဆက်နေဖို့ ပြင်ဆင်ထားပြီး ဒီနောက်မှာ အင်တာမိုင်ယာမီကို ပြောင်းဖို့ သဘောတူထားပြီလို့ သတင်းတွေက ဖော်ပြခဲ့တာပါ။ မက်ဆီဟာ အင်တာမိုင်ယာမီကို ပြောင်းရွှေ့တဲ့အချိန်မှာလည်း အင်တာမိုင်ယာမီရှယ်ယာရဲ့ (၃၅) ရာခိုင်နှုန်းကိုပါ ရရှိသွားလိမ့်မယ်လို့ဆိုခဲ့ကြပါတယ်။

ဒေးဗစ်ဘက်ခမ်းဟာ မက်ဆီအပြင် သူ့ရဲ့ပီအက်စ်ဂျီအသင်းဖော်တွေဖြစ်တဲ့ နေမာ၊ ရာမို့စ်၊ အမ်ဘာပေတို့နဲ့တွဲရိုက်ထားတဲ့ ဓာတ်ပုံကို အင်စတာဂရမ်မှာ တင်ခဲ့တဲ့နောက် ဒီသတင်းတွေက ပိုမိုကျယ်လောင်ခဲ့တာပါ။ ဒါပေမယ့်လည်း မက်ဆီရဲ့ ကိုယ်စားလှယ်ကတော့ ဒီသတင်းတွေကို ငြင်းဆန်ခဲ့ပါတယ်။

အဆိုပါပုဂ္ဂိုလ်က “မက်ဆီက သူ့ရဲ့အနာဂတ်နဲ့ပတ်သက်လို့ မဆုံးဖြတ်ရသေးပါဘူး။ ပြီးခဲ့တဲ့နာရီပိုင်းလောက်က မက်ဆီကို ဒေးဗစ်ဘက်ခမ်းနဲ့အတူတွေ့ခဲ့ရလို့ ဒီလိုပြောတာဆိုရင်တော့ ဒါက ပီအက်စ်ဂျီနဲ့အတူ ဒိုဟာကို ရောက်ရှိနေတာကြောင့်ပါ။ ဘက်ခမ်းကလည်း ကာတာကမ္ဘာ့ဖလားရဲ့ သံတမန်အဖြစ် ဒိုဟာမှာရှိနေပါတယ်” လို့ ဖြေရှင်းသွားခဲ့ပါတယ်။

မက်ဆီရဲ့ ဖခင်ဖြစ်သူ ဂျော့ချ်မက်ဆီကလည်း ဘာစီလိုနာလေဆိပ်ကို ရောက်ရှိလာချိန်မှာ သူ့ရဲ့သားက တနေ့နေ့မှာ ဘာစီလိုနာအသင်းမှာပဲ ပြန်ကစားလိမ့်မယ်လို့ ပြောကြားခဲ့ဖူးပါတယ်။ အဲ့ဒါကြောင့် မက်ဆီအနေနဲ့ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်းကုန်ရင် နယ်မြေသစ်ကို ခရီးဆက်မလား၊ ဘာစီလိုနာကိုပဲ ပြန်မလား စိတ်ဝင်တစား စောင့်ကြည့်ရဦးမှာပါ။ 

Share

Loading Next Article...
က္က