ခရိုအေးရှားသား ဘရိုဇိုဗစ်ကြောင့်လည်း ဖြစ်ပါတယ်။

ဒီရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲအဆင့်မှာတော့ အင်္ဂလန်ကလပ် မန်စီးတီးနဲ့ အီတလီကလပ် အင်တာမီလန်တို့ ထိပ်တိုက်တွေ့နေကြပြီဖြစ်ပါတယ်။ အင်တာမီလန်အတွက်ကတော့ (၁၃) နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဗိုလ်လုပွဲအဆင့်ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး မန်စီးတီးကတော့ (၃) နှစ်အတွင်း ဒုတိယအကြိမ်မြောက် ဗိုလ်လုပွဲ တက်ခဲ့တာပါ။



ဒီနှစ်သင်း ထိပ်တိုက်တွေ့ဆုံတဲ့နေရာမှာတော့ ပရိသတ်တွေက မန်စီးတီးပဲ ခြေပြတ်ဂိုးပြတ် ထပ်မံအသာရလိမ့်မယ်လို့ ယူဆနေကြပါတယ်။ လက်ရှိအခြေအနေအရလည်း မန်စီးတီးက အင်တာမီလန်ထက် အများကြီး သာလွန်ပြီး မန်စီးတီးရဲ့ ပုံမှန်ကစားအားကို အင်တာမီလန်တို့ ယှဥ်နိုင်ဖို့၊ တောင့်ခံနိုင်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။

ဒါပေမယ့်လည်း ပရိသတ်တစ်ယောက်ရဲ့ သီအိုရီအရ ဒီနှစ် ချန်ပီယံလိဂ်ဖလားကို အင်တာမီလန်တို့ ဆွတ်ခူးနိုင်ကြောင်း ဖော်ပြနေပါတယ်။ အကြောင်းရင်းကတော့ အင်တာမီလန်မှာ ဘရိုဇိုဗစ်ရှိနေတာကြောင့်ဖြစ်ပြီး ဒီကစားသမားကလည်း ခရိုအေးရှား ကစားသမားတစ်ယောက်ဖြစ်နေတာကြောင့် အခုလိုမျိုး ခိုင်ခိုင်မာမာ ဆိုနေကြတာပါ။

ပြီးခဲ့တဲ့ (၂၀၁၃) ဝင်ဘလေကွင်း ဗိုလ်လုပွဲမှာကတည်းက ခရိုအေးရှားသားကြီး မန်ဇူကစ်က ဘိုင််ယန်မြူးနစ်နဲ့အတူ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အဲ့ဒီနောက် (၂၀၁၄)၊ (၂၀၁၆)၊ (၂၀၁၇)၊ (၂၀၁၈) နဲ့ (၂၀၂၂) တို့မှာ ခရိုအေးရှားလက်ရွေးစင် အသင်းခေါင်းဆောင် မိုဒရစ်က ရီးရဲလ်မက်ဒရစ်နဲ့အတူ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း အင်တာမီလန်ပရိသတ်တွေက ခရို‌အေးရှား Luck တစ်ခုနဲ့ မန်စီးတီးကို အနိုင်ယူဖို့ မျှော်လင့်နေတာပါ။

ပရိသတ်တွေက “ဘရိုဇိုဗစ်ရေ။ မင်းရှိနေတာက ဒီခရိုအေးရှား Luck တစ်ခုကို ဆက်နိုင်ဖို့ မျှော်လင့်ပါတယ်” “ခရိုအေးရှားတွေရဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲ နိုင်ပွဲဆက်မှုကို ရှေ့ဆက်နိုင်မယ့်သူက တစ်ယောက်တည်းရှိပါတယ်။ အဲ့ဒါ ဘရိုဇိုဗစ်ပါ” “အခုချိန် ငါတို့မျှော်လင့်စရာက ခရိုအေးရှား Luck ပဲရှိတော့တယ်၊ ငါတို့ကို ကယ်ပါဦး ဘရိုဇိုဗစ်ရေ” “မန်စီးတီးမှာ ခရိုအေးရှားသားမရှိဘူး၊ ငါတို့မှာရှိတယ်” လို့ အသီးသီး မှတ်ချက်ပေးနေခဲ့ပါတယ်။

တကယ်တမ်းမှာလည်း အင်တာမီလန်အတွက် မျှော်လင့်စရာက ခရိုအေးရှားသား ဘရိုဇိုဗစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲ တက်လာပြီး ခရိုအေးရှား Luck အစွမ်းပြဖို့ တစ်ခုတည်းရှိပါတယ်။ ဒါပေမယ့် ဒီနှစ်မှာ မန်စီးတီးက သူတို့အတွက် ပထမဆုံး ချန်ပီယံလိဂ်ဖလားကြီးကို ဆွတ်ခူးသွားဖို့ အပြတ်အသတ် အလေးသာနေပါတယ်။ 

Share

Loading Next Article...
က္က