ဈေးသက်သာပြီး အကောင်းစား Features တွေ ပါတယ်

အကြမ်းပတမ်းအသုံးခံ Rugged ထုတ်ကုန်တွေ ထုတ်လုပ်နေတဲ့ ကုမ္ပဏီတစ်ခုကနေ စိတ်ဝင်စားစရာ တက်ဘလက်တစ်မျိုး မိတ်ဆက်လိုက်ပါတယ်။ 

Blackview ကုမ္ပဏီကနေ ထုတ်လုပ်လိုက်တဲ့ Tab 13 တက်ဘလက်ကတော့ ကုမ္ပဏီရဲ့ တခြားထုတ်ကုန်တွေလို Rugged Device မဟုတ်ပါဘူး။ BlackView Tab 13 ဟာ ပုံမှန်မြင်နေကျ တက်ဘလက်တစ်လုံးရဲ့ ဒီဇိုင်းနဲ့လာပြီး ထူးထူးခြားခြား လုပ်ဆောင်ချက်တွေ ပါဝင်တဲ့ တက်ဘလက်ပါ။ အန်းဒရိုက်စနစ်သုံး တက်ဘလက်တစ်လုံးဖြစ်တဲ့ BlackView Tab 13 ဟာ အင်တာနက်သုံးဖို့ WiFi နဲ့ SIM Card မလိုတဲ့ နည်းပညာအသုံးပြုထားတဲ့ ထုတ်ကုန်ပါ။ 





SIMO အင်တာနက်နည်းပညာပံ့ပိုးမှုပါတာကြောင့် ဒီတက်ဘလက်ကိုင်သူဟာ ဘယ်နိုင်ငံရောက်ရောက် SIM Card လဲစရာ မလိုဘဲ အင်တာနက်အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။ SIMO ရဲ့ Virtual Data နည်းပညာနဲ့ လာပြီး SIM Card နဲ့ WiFi ကွန်ရက် မရှိလည်း အင်တာနက်နဲ့ ချိတ်ဆက်နိုင်မှာပါ။ တစ်ခုရှိတာက BlackView Tab 13 ဟာ SIMO 1.0 Support ပေးထားတာ ဖြစ်လို့ ဒီနည်းပညာဟာ ဥရောပသမဂ္ဂနိုင်ငံတွေ ၊ ယူကေ ၊ အမေရိကန် ၊ မက္ကဆီကို ၊ ကနေဒါ နဲ့ ဂျပန် မှာပဲ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ 

နောက်ထပ်ဗားရှင်းသစ်ဖြစ်တဲ့ SIMO 2.0 သုံးလာမယ့် အနာဂါတ် Blackview တက်ဘလက်တွေမှာတော့ တခြားနိုင်ငံတွေမှာလည်း SIM မလိုဘဲ ကွန်ရက်ချိတ်ဆက်နိုင်မယ့်စနစ် ရလာတော့မှာပါ။ ဒီဇိုင်းပိုင်းမှာ သပ်ရပ်တဲ့ လေးထောင့်စပ်စပ် ဘော်ဒီနဲ့ ကျောဘက်စတုရန်းပုံကင်မရာ Cutout အိမ် ပါရှိပါတယ်။ ကျောဘက်မှာ 13MP + 0.3MP Dual Camera Setup နဲ့ လာပြီး‌ အရှေ့မှာ 8MP Selfie ကင်မရာ တပ်ဆင်ထားပါတယ်။ 

BlackView Tab 13 ဟာ Screen Size ၁၀.၁ လက်မရှိပြီး အပြာရောင်အလင်းထိတွေ့မှုကို ကာကွယ်ပေးနိုင်တဲ့ FHD+ Display ကို အသုံးပြုထားတယ်လို့ ဆိုပါတယ်။ Display ရဲ့ လူ့ကျန်းမာရေးဆိုင်ရာ ထောက်ခံချက်အနေနဲ့ TUV Rheinland ရဲ့ Low Blue Light ထောက်ခံချက်လည်း ရထားပါတယ်။ Blackview ရဲ့ ထုတ်ကုန်တွေထဲမှာ Tab 13 ဟာ PC Mode ပါလာတဲ့ ပထမဆုံးထုတ်ကုန်ဖြစ်လို့ တက်ဘလက်လိုကနေ PC အဖြစ် ပြောင်းလဲအသုံးပြုနိုင်မှာပါ။ PC Mode နဲ့ဆို Multi-Window Mode နဲ့ တစ်ချိန်တည်းမှာ တိုက်ရိုက် View ကြည့်နိုင်မှာပါ။ 


ဒီတက်ဘလက်ကို MediaTek ရဲ့ Helio G85 Chispet နဲ့ ‌မောင်းနှင်ထားပါတယ်။ RAM 6GB ပါရှိပြီး စမတ်ဖုန်းတွေလို Virtual memory Expansion 4GB ထပ်တိုးနိုင်လို့ 10GB RAM ပမာဏအထိ အသုံးပြုနိုင်မှာပါ။ Storage အနေနဲ့ 128GB ပါရှိပြီး 1TB အထိ ထပ်တိုးနိုင်မယ့် microSD Card Slto တစ်ခုလည်း ထည့်ပေးထားပါတယ်။ ဘက်ထရီပါဝါပိုင်းမှာ အကြီးစား 7280 mAh နဲ့ လာပြီး အားတစ်ခါသွင်းပြီးတိုင်း နာရီပေါင်း ၃၀ ကျော် အသုံးခံမယ်လို့ ဆိုပါတယ်။ 

တခြား Features တွေ အနေနဲ့ Dual BOX Speakers ၊ Dual 4G LTE ၊ ပြင်ပကီးဘုတ်ချိတ်ဆက်နိုင်မယ့် External Keyboard Interface စနစ်တို့လည်း သုံးထားပါတယ်။ အရောင်ကိုတော့ Twilight Blue နဲ့ Space Grey နှစ်ရောင်နဲ့ ထွက်ပါတယ်။ ဆော့ဖ်ဝဲလ်ပိုင်းမှာ Android 12 အခြေခံ Doke OS 3.0 နဲ့ လာပြီး ဒေါ်လာ ၁၅၀ ဈေး (မြန်မာငွေ ၆ သိန်းဝန်းကျင်) ဈေးနဲ့ ရောင်းချသွားမယ်လို့လည်း သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က