Virtual စနစ်နဲ့ ဒုတိယအကြိမ်မြောက် ကျင်းပမှာဖြစ်ပြီး Speakers အနေနဲ့ ပါဝင်လိုသူတွေလည်း စာရင်းပေးသွင်းနိုင်ပြီ ဖြစ်ပါတယ်။

အင်တာနက် ဝန်ဆောင်မှု ရရှိတဲ့ မည်သည့်နေရာမှ မဆို တက်ရောက်နိုင်မယ့် VarCamp 2023 ကို ဇန်နဝါရီ ၂၃ ရက်နေ့မှာ ကျင်းပသွားမယ် လို့သိရပါတယ်။ အွန်လိုင်းစနစ်နဲ့ ကျင်းပတာဖြစ်လို့ မြန်မာနိုင်ငံမှာရှိသူတွေသာမက နိုင်ငံတကာမှာရှိတဲ့ မြန်မာများအားလုံး တက်ရောက်နိုင်မယ့် event တစ်ခု ဖြစ်လာမှာ ဖြစ်ပါတယ်။ 

Virtual Event အနေနဲ့ ပြုလုပ်သွားမယ့် VarCamp 2023 မှာ Speaker အနေနဲ့ ပါဝင်ချင်သူများဟာ ၄၅ မိနစ် အချိန် ရရှိမှာ ဖြစ်ပါတယ်။ Speaker တွေအတွက် ကြိုတင်စာရင်းပေးသွင်းမှုကို ဇန်နဝါရီ ၁၅ ရက်နေ့ကစလို့ ခွင့်ပြုထားပြီး ဖြစ်တယ်လို့ VarCamp 2023 က သတင်းထုတ်ပြန်ထားပါတယ်။ Virtual Event ဖြစ်လို့ Speakers တွေအနေနဲ့ ဆွေး‌နွေးချိန် မလောက်ခဲ့ရင် Camp Lobby ထဲမှာ ဆက်လက်ဆွေးနွေးနိုင်မှာ ဖြစ်ပါတယ်။ 

VarCamp 2023 အတွက် အကြောင်းအရာ အသေးစိတ်တွေကို http://var.camp မှာ ဝင်ရောက် ကြည့်ရှု နိုင်သလို ဘယ်သူတွေ ပါဝင်ဆွေးနွေးကြမလဲ ဆိုတာကိုလည်း ပွဲနေ့မှာ ထုတ်ပြန်သွားဦးမှာ ဖြစ်ပါတယ်။ ထူးခြားချက်အနေနဲ့ ပရဟိတလုပ်ငန်း လုပ်ကိုင်နေသူတွေအတွက် မိမိအဖွဲ့အစည်းအကြောင်းကို မိတ်ဆက်ပြသပေးနိုင်မယ့် နေရာတစ်ခုလည်း ဖန်တီးပေးထားဦးမှာ ဖြစ်ပါတယ်။ ဝင်ရောက်ပြသလိုသူတွေဟာ http://var.camp ကိုဝင်ရောက်ပြီး form ဖြည့်စွက်ရမှာပါ။ 

 BarCamp Yangon ဟာ ၂၀၂၀ ခုနှစ်မှာ နောက်ဆုံး ကျင်းပနိုင်ခဲ့တာဖြစ်ပြီး ၂၀၁၀ ခုနှစ်ကစလို့ နှစ်စဉ် ကျင်းပခဲ့တာ ဖြစ်ပါတယ်။ BarCamp Yangon ဟာ ကမ္ဘာမှာအစည်ကားဆုံး ဘားကမ့်ပွဲတွေထဲက တချို့ အဖြစ်လည်း မှတ်တမ်းဝင်ထားတာ ဖြစ်ပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က