မိန်းကလေးပရိသတ်တွေရဲ့ အားပေးမှုကို ပိုင်ဆိုင်ထားတဲ့ ရဲရင့်အောင်က အခွေသစ်ထွက်ဖို့ အရမ်းကို ကြိုးစားနေပါတယ်။ အခွေထွက်နိုင်ဖို့ ကြိုးစားနေပေမယ့်လည်း ကျန်းမာရေး မကောင်းလှတဲ့ သူ့ရဲ့ခန္ဓာကိုယ်ကြောင့် ရဲရင့်အောင်မှာ စိတ်ညစ် နေရပါတယ်။
လူငယ်အဆိုတော် တစ်ဦးဖြစ်ပြီး ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ ရဲရင့်အောင်က အခွေထွက်ဖို့အတွက် အရမ်းကို ကြိုးစားနေ ပါတယ်။ အခွေထွက်နိုင်ဖို့ ကြိုးစားနေပေမယ့်လည်း ကျန်းမာရေး မကောင်းလှတဲ့ သူ့ရဲ့ခန္ဓာကိုယ်ကြောင့် စိတ်ညစ်နေရတယ်လို့ ဆိုပါတယ်။
"ကျွန်တော့်ခန္ဓာကိုယ် ဖွဲ့စည်းပုံကို မကြိုက်ဘူး။ ဘာကြီးမှန်း မသိဘူး။ အဓိက ကျန်းမာရေး မကောင်းတာ။တစ်ညလောက် အိပ်ရေးပျက်ပြီး အလုပ်လုပ်လိုက်ရင် နောက်နေ့ နားက မကြားရတော့ဘူး။ ကျန်းမာရေးကောင်းချင်တယ်။ ပရိသတ်တွေအတွက် သီချင်းသစ်တွေ ပေးချင် နေပြီ။ အခွေနဲ့ ပတ်သက်ပြီး ကျွန်တော့်မှာ တိုင်ပတ်နေတာတွေ အများကြီးပဲ။ ပြီးတော့ ကျွန်တော်တစ်ညလောက် အာရုံစိုက်ပြီး အလုပ်လုပ် လိုက်မယ် ဆိုရင် နောက်သုံးရက်လောက် အလုပ်လုပ်လို့မရတော့ဘူး" လို့ ရဲရင့်အောင်က ဆိုပါတယ်။
အဲ့အတွက်လည်း သူ့မှာအရမ်းကို စိတ်ညစ်နေရတယ်တဲ့။" ကျွန်တော်အရမ်း စိတ်ညစ်ရတယ်။ တစ်ညလောက် အလုပ်လုပ်ပြီး သွားရင် နောက် သုံးရက်လောက် စိတ်ဓာတ်ကျရတယ်။ အဲ့တော့ အခွေက ကြာနေတယ်။ ဒီနှစ်ထဲမှာတော့ ရအောင် ထွက်ဖို့ ကြိုးစားနေတယ်။ ကျွန်တော်ကိုယ် တိုင်လည်း ထွက်ချင်တယ်" လို့ သြဂုတ်လ(၃၀) ရက်နေ့က ကျင်းပခဲ့တဲ့ OPPO F9 ပွဲမှာ မီဒီယာတွေကို ဖြေဆိုပေးခဲ့တာ ဖြစ်ပါတယ်။
One Man Show မလုပ်ဖြစ်သေးတဲ့အကြောင်း ပြောပြလာတဲ့ ရဲရင့်အောင်
သီချင်းအသစ်တွေကို ဖန်တီးနေတဲ့ ရဲရင့်အောင်ဟာ သူ့ရင်ထဲကထွက်လာတဲ့ သီချင်းပုံစံလေးတွေကို ပရိသတ်အတွက် ချပြနိုင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ ဒီသီချင်းတွေ မဖန်တီးရသ၍ တစ်ကိုယ်တော်ဖျော်ဖြေပွဲမလုပ်ဘူးလို့ ဆိုပါတယ်။
'' ပရိသတ်ကို ကျွန်တော်ဆိုပြချင်တာတွေ အများကြီးရှိသေးတယ်။ တချို့သီချင်းတွေကို ကျွန်တော်ဖန်တီးလိုက်တယ် ဒါတွေက One Man Show လုပ်တဲ့အခါ ကျွန်တော်ဆိုပြချင်တာလေးတွေပေါ့နော်။ ကျွန်တော်ရင်ထဲကနေ ချပြချင်တဲ့ သီချင်းပုံစံလေးတွေလည်း ရှိသေးတယ်။ ဒါတွေကို မဖန်တီးရသေး သ၍ One Man Show မလုပ်ဘူး'' လို့ ဇူလိုင်လ ၁ ရက်နေ့ညက ပြုလုပ်ခဲ့တဲ့ "ငါ့ကိုနမ်းတဲ့ မုန်တိုင်း" ဇာတ်ကား အတွက် ဂုဏ်ပြုညစာ စားပွဲကိုတက်ရောက်ရင်း မီဒီယာတွေကနေတဆင့် ရင်ဖွင့် ပြောပြလာပါတယ်။
ရဲရင့်အောင်က ပြီးခဲ့တဲ့ ရက်ပိုင်းလောက် အသက်(၂၅) နှစ်ပြည့်သွားခဲ့တာပါ။ အသက်(၁)နှစ်ကြီးသွားပေမယ့်လည်း သူ့အနေနဲ့ ဘာမှ ပြောင်းလဲသွားတာမျိုးမရှိသလို အရင်ကလိုပဲ မကောင်းတာတွေလည်း အများကြီး ရှိနေသေးတယ်လို့ ကိုယ့်ကိုကိုယ် သုံးသပ်ထားပါသေးတယ်။
"အသက်(၂၅) နှစ်ပြည့်သွားပေမယ့်လည်း ပြောင်းလဲသွားတာ မရှိပါဘူး။ ဒီတိုင်းချည်းပဲ မကောင်းတာတွေလည်း အများကြီးပဲ။ အသက်ကြီး လာတာနဲ့အမျှ ပိုသိလာတယ်။ငါက တော်တော်မကောင်းဘူးပဲ။။ မကောင်းတဲ့အကျင့်တွေ အများကြီးပဲ ငါောတ်တော်မကောင်း ဘူးပဲလို့ ဒါပေမယ့်လည်း ပြောင်းလို့မရဘူးဖြစ်နေတယ်" ဆိုပြီး သူ့ကိုယ်ကိုကိုယ်လည်း သုံးသပ်ပေးသွားပါသေးတယ်။
မကြာခင်မှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးဖို့ ရှိနေသေးတာကြောင့် သူ့ရဲ့ သီချင်းခွေသစ်ကိုတော့ ဒီနှစ်ထဲမှာ ထွက်နိုင်အောင် ကြိုးစားသွားပ့ါမယ်လို့ ပြောခဲ့ပါသေးတယ်။
Share