မန္တလေးတိုင်းကသစ်တောကြိုးဝိုင်းမှာဖြစ်ပွားတာပါ။

မန္တလေးတိုင်း စဉ့်ကူးမြို့နယ် လက်ပံလှကျေးရွာနဲ့ ၁၄ မိုင်အကွာက နတ်တောင်ကျေးရွာအုပ်စု ပါပေါကျေးရွာရဲ့ အရှေ့တောင်ဘက် ၃ မိုင်ခန့်အကွာ တောအုပ်မှာ အဆိပ်လူးမြားကြောင့် တောဆင်ရိုင်းတစ်ကောင်သေဆုံးမှုဖြစ်ပွားခဲ့တာပါ။

photo-Ministry of home affairs

"လက်ရှိက ကင်းလှည့်အင်အားက ဆင်တွေကျက်စားရာသစ်တောဧရိယာနဲ့ ယှဉ်ရင်တော့ နည်းနေတာကြောင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနအောက်မှာကော၊ သစ်တောရဲတပ်ဖွဲ့တွေမှာပါ လှည့်ကင်းအင်အားအားနည်းနေတာကြောင့်မို့လို့ အင်အားတိုးချဲ့ဖို့ တော်တော်လိုအပ်နေပါတယ်။"လို့ မြန်မာနိုင်ငံက ဆင်တွေအတွက် အဓိက လုပ်ကိုင်နေတဲ့ WWF Myanmar ကအကြီးတန်းထိန်းသိမ်းရေးဆိုင်ရာ ဇီဝဗေဒပညာရှင် ဦးပိုင်စိုးက ဓူဝံကို ပြောပါတယ်။

အဆိပ်လူးမြားနဲ့ ပစ်ခတ်သတ်ဖြတ်ခံရတဲ့ဆင်က ဟိုင်းဆင်အမျိုးအစားဆင်ထီးဖြစ်ပြီးတော့ အသက် ၄၀ ခန့်ရှိတယ်လို့ သိရပါတယ်။

အရင်တုန်းက ဆင်ထိန်းသိမ်းရေးကင်းလှည့်ဝန်ထမ်းအနေနဲ့ သီးခြားဝန်ထမ်းမရှိခဲ့ပေမယ့် အခြေစိုက်စခန်း ၁၈ ခုနဲ့ကင်းလှည့်ဝန်ထမ်း ၂၂၀ ဦးကို အဖွဲ့ခွဲပြီး တော့ စောင့်ကြပ်နေတယ်လို့ သိရပါတယ်။

ရန်ကုန်ဧရာဝတီနဲ့ ပဲခူးတိုင်းဒေသကြီးတွေမှာ ဆင်သတ်ဖြတ်ခံရတာတွေ များနေပြီးတော့ ၂၀၁၇ မှာ တစ်လကို ပျမ်းမျှ တောဆင် ၃.၈ ကောင် သတ်ဖြတ်ခံနေရာကနေ ၂၀၁၈ အစောပိုင်းမှာ တစ်လကို ပျမ်းမျှ တောဆင် ၁.၆ ကောင်နှုန်းနဲ့ အသတ်ဖြတ်ခံနေရတယ်လို့ WWF Myanmar ကနေ သိရပါတယ်။

Share

Loading Next Article...
က္က