အဆီပြန်သူတွေအတွက် ကိုယ့်ရဲ့ အသားအရေကို မိုးတွင်းမှာ ဘယ်လို ထိန်းသိမ်းသင့်သလဲဆိုတာ ပြောပြပေးချင်ပါတယ်။

အဆီပြန်တဲ့သူတွေအတွက် နွေ၊ မိုး ၊ ဆောင်း သုံးရာသီစလုံးက တော်တော်ထိန်းသိမ်းပြီးနေရပါတယ်။ အဆီပြန်တဲ့ အသားအရေဖြစ်တဲ့အတွက် ဝက်ခြံဖြစ်လွယ်တာ ၊ အဆီအမြဲပြန်နေတာ ၊ ချွေးပေါက်တွေထဲ ချေးတွေ ပိတ်ဆို့နေတာတွေ ဖြစ်တတ်တဲ့အတွက် ရာသီသုံးပါးမရွေးသေချာ ထိန်းသိမ်းစောင့်ရှောက်ပေးဖို့ လိုပါတယ်။ မိုးတွင်းလို အမြဲ ရေထိနေတဲ့ အချိန်မှာ အဆီပြန်အသားအရေသမားတွေအတွက် ဘာတွေ ရှောင်ရ ၊ ဆောင်ရမလဲဆိုတာကိုလည်း သိထားရပါမယ်။

မျက်နှာသစ်ခြင်း

တစ်နေ့ကို နှစ်ကြိမ်လောက်သာ မျက်နှာသစ်ပေးသင့်တယ်ဆိုပေမယ့် အဆီပြန်သူတွေကတော့ ဒီလို မိုးရာသီမှာ တစ်နေ့ကို သုံး ၊ လေးကြိမ်လောက် သစ်ပေးသင့်ပါတယ်။ ဒါမှသာ မျက်နှာပေါ်က အညစ်အကြေးတွေနဲ့ အဆီတွေကို အချိန်ကြာကြာ ကပ်ညိခွင့်မပေးဘဲ ဖယ်ရှားနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဆီပြန်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အပြင်းစား မျက်နှာသစ်ဆေးတွေ အသုံးပြုလို့မရပါဘူး။ နူးညံ့တဲ့ အပျော့စား မျက်နှာသစ်ဆပ်ပြာကိုပဲ ရွေးချယ် သစ်ပေးရမှာဖြစ်ပါတယ်။

Scrub ပြုလုပ်ခြင်း

မျက်နှာကို Scrub နဲ့ Exfoliate လုပ်ပြီး မှန်မှန် ချေးချွတ်ပေးသင့်ပါတယ်။ ဒါမှသာ ချွေးပေါက်တွေထဲမှာ ပိတ်ဆို့နေတဲ့ အညစ်အကြေး ၊ အဆီခဲ နဲ့ အသားအရေ အပေါ်က ဆဲလ်သေတွေကိုပါ ဖယ်ရှားရှင်းလင်းနိုင်မှာပါ။

Scrub ပြုလုပ်ရမှာလည်း ဓာတုနည်းနဲ့ ပြုလုပ်ထားတဲ့ Scrub တွေအစား သဘာဝအတိုင်း ထုတ်လုပ်ထားတဲ့ Scrub ကိုသာ ပြုလုပ်ပေးသင့်ပါတယ်။ လွယ်ကူရိုးရှင်းပြီး ရှာရလွယ်တဲ့ သဘာဝပစ္စည်းတွေက အဆီပြန်အသားအရေတွေကို ထိန်းသိမ်းတဲ့နေရာမှာ အထိရောက်ဆုံး ၊ အသင့်တော်ဆုံးပါပဲ။ အသားအရေ ဆိုးရွားတာတွေ ကြုံတွေ့ကောင်း ကြုံတွေ့လာရတဲ့အခါ ကုသဖို့ ၊ ထိန်းသိမ်းဖို့ ကြိုးစားတဲ့နေရာမှာ မီးဖိုချောင်က ရတဲ့ ပစ္စည်းတွေ နဲ့သာ အသုံးပြုပေးပါ။

သခွားသီး Scrub

ချွေးပေါက်တွေကို ပွင့်ထွက်သွားစေမယ့် အရာကတော့ သခွားသီးပါ။ သခွားသီးအသေးတစ်လုံးကို မျက်နှာပြင်အနှံ့ ၅မိနှစ်လောက် တင်ထားပါ။ ပြီးရင်တော့ နှစ်မိနစ်လောက် မျက်နှာပြင်ကို သခွားသီးနဲ့ ပွတ်တိုက်နှိပ်နယ်ပေးပါ။ တစ်ပတ်ကို နှစ်ကြိမ်လောက် ပြုလုပ်နိုင်ပါတယ်။ သခွားသီး Scrub ကို မလုပ်ခင်တော့ မျက်နှာကို သေချာဆေးကြောသန့်စင်ပေးဖို့ လိုအပ်ပါတယ်။

ခရမ်းချဉ်သီး Scrub

ခရမ်းချဉ်သီးကလည်း အဆီပြန်အသားအရေပိုင်ရှင်တွေအတွက် အထိရောက်ဆုံး သဘာဝဆေးစွမ်းတစ်လက်ပါပဲ။ အသားအရေကို စင်ကြယ်စေပြီး ဝက်ခြံတွေကိုလည်း တိုက်ဖျက်ပေးပါတယ်။ လိုအပ်တာကတော့ ခရမ်းချဉ်သီးတစ်လုံး နဲ့ သကြားတစ်ဇွန်းပဲ လိုတာပါ။ သကြားနဲ့ ခရမ်းချဉ်သီးကို သမအောင်မွှေပါ။ ပြီးရင် မျက်နှာနဲ့ လည်ပင်းတွေမှာ လိမ်းပေးပြီး ၆မိနှစ် ထိ ထားပေးရပါမယ်။ ပြီးရင်တော့ ရေအေးအေးလေးနဲ့ ဆေးချလိုက်လို့ ရပါပြီ။ ဒီ ခရမ်းချဉ်သီး Scrub ကိုတော့ တစ်ပတ် နှစ်ကြိမ် ပြုလုပ်ပေးနိုင်ပါတယ်။

သကြား Scrub

အလွယ်တကူအနားမှာ ရှိတဲ့ သကြားကတော့ ဆဲလ်သေတွေ နဲ့ အဆီတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ လိုအပ်တာကတော့ သကြား နဲ့ ပျားရည်ပါ။ သကြားနဲ့ ပျားရည်ကို သမမျှတအောင် မွှေပြီးတော့ မျက်ဝန်းတဝိုက်ကို ချန်ထားပြီး လိမ်းလိုက်ပါ။ ၅မိနစ်ကြာရင်တော့ ရေအေးနဲ့ ဆေးချလိုက်လို့ရပါပြီ။ ဒီသကြား Scrub ကိုလည်း တစ်ပတ်ကို နှစ်ကြိမ်လောက် လုပ်လို့ရပါတယ်။ 

ရှောင်ရှားသင့်တဲ့ အရာတွေ



မိုးရာသီတွင်းမှာ အဆီပြန်အသားအရေပိုင်ရှင်တွေအတွက် ရှောင်ရ၊ ဆောင်ရမယ့် နည်းလမ်းတွေကို SOUL Skin Solution ရဲ့ပိုင်ရှင်ဖြစ်သလို အသားအရေထိန်းသိမ်းမှုဆိုင်ရာ ကျွမ်းကျင်သူတစ်ဦး ဖြစ်တဲ့ ကိုစစ်နိုင်က ခုလို ပြောပြပါတယ်။

အဆီပြန်အသားအရေဟာ အဆီကြောင့် ချေးတွေ ပိတ်ဆို့နေတတ်ပေမယ့် အလွန်အကျွံ ချေးချွတ်တာမျိုးကိုတော့ ရှောင်ရှားသင့်ပါတယ်။ အပြင်းစား မျက်နှာသစ်တွေ သုံးစွဲတာတွေကိုလည်း ရှောင်ကြဉ်ပေးပါ။

မျက်နှာသစ်တဲ့အခါ ရေအေးအစား ရေပူကို အသုံးပြုမယ်ဆိုရင် ပိုထိရောက်ပါတယ်။ ရေပူထဲမှာ အဆီတွေက ပျော်ဝင်သွားတာ ဖြစ်တဲ့အတွက် ရိုးရိုးရှင်းရှင်းနဲ့ ထိထိရောက်ရောက် အဆီတွေကို ဖယ်ရှားပေးနိုင်မှာ ဖြစ်ပါတယ်။

 

Share

Loading Next Article...
က္က