ဒီဇင်ဘာ ၂၆ ရက်နေ့ မနက်က နေပြည်တော်ကနေ ရန်ကုန်ကိုထွက်လာတဲ့ Air KBZ လေယာဉ်က ငှက်တွေနဲ့ဝင်တိုက်မှုဖြစ်ခဲ့တာကြောင့် လေယာဉ်ခရီးစဉ်တွေပြောင်းလဲခဲ့ရပါတယ်။
phioto - air kbz
ဒီနေ့မနက်ပိုင်းက အဲကမ္ဘောဇလေကြောင်းလိုင်းပိုင် K7 234 လေယာဉ်ဟာ နေပြည်တော်က နေ အထွက်မှာ ငှက်အုပ်နဲ့ ဝင်တိုက်မိခဲ့တာဖြစ်ပြီး ရန်ကုန်လေဆိပ်အထိတော့ ချောချောမောမော ဆင်းသက်နိုင်ခဲ့ပါတယ်။
ငှက်တွေနဲ့ တိုက်မိခဲ့တာကြောင့် လေယာဉ်ကို ပြန်လည်စစ်ဆေးမှုတွေပြုလုပ်ခဲ့ရတာကြောင့် K7 234 လေယာဉ်ရဲ့ တခြားခရီးစဉ်တွေကို ရပ်ဆိုင်းပြီး ပြောင်းလဲပြေးဆွဲပေးမယ်လို့ Air KBZ ရဲ့facebook စာမျက်နှာမှာရေးသားထားပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လကလည်း စစ်တွေကနေ ရန်ကုန်ကို ပျံသန်းတဲ့Air KBZ လေယာဉ်ဟာ ငှက်နဲ့တိုက်မိပြီး မှန်အက်ကွဲခဲ့တာကြောင့် သံတွဲလေဆိပ်မှာ အရေးပေါ်ဆင်းသက်ခဲ့ရပါတယ်။