လက်ကျန်ပွဲစဉ်များကစားဖို့ရှိနေဆဲဖြစ်ပြီး လာမယ့်အပြောင်းအရွှေ့ကာလအတွင်းမှာလည်းကစားသမားသစ်အ နည်းငယ်သာ ခေါ်ယူဖို့ရှိနေတယ်လို့ နည်းပြလမ်းပတ် ဆိုထားတာပါ။
ချဲလ်ဆီးနည်းပြလမ်းပတ်က လာမယ့်အပြောင်းအရွှေ့ကာလအတွင်း ကစားသမားအသစ်အချို့ခေါ်ယူခြင်းနဲ့အ တူ အင်အားဖြည့်တင်းမှုများပြုလုပ်မှာဖြစ်ပေမယ့် ဘဏ္ဍာရေးထောက်ပံ့မှုအပြည့်အဝရရှိသော်လည်း အင်အားဖြ ည့်တင်းမှုအနည်းသာပြုလုပ်မယ်လို့ အတည်ပြုခဲ့မှုကို thesun ရဲ့ဖော်ပြချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ၀ါရင့်ကစားသမားတွေကို သက်တမ်းတိုးစာချုပ်ချုပ်ဆိုဖိို့ ပြင်ဆင်ခဲ့တဲ့ ချဲလ်ဆီးအသ င်းဟာ ၀ါရင့်ဂိုးသမားကာဘယ်လီယို၊ ၀ါရင့်တိုက်စစ်မှူးဂီရော့ဒ်တို့ကို သက်တမ်းတိုးခဲ့ပြီဖြစ်ပြီး ပက်ဒရို၊ ဝီလျံတို့ ကိုလည်း သက်တမ်းတိုးဖို့ ဆက်လက်ညှိနှိုင်းဆောင်ရွက်မှုများပြုလုပ်နေဆဲဖြစ်ပါတယ်။
“ စိတ်လှုပ်ရှားစရာ လူစာရင်းကို ပိုင်ဆိုင်ထားပါတယ်။ ဒါပေမဲ့ အထိုက်အလျောက်အောင်မြင်ဖို့အတွက် ကစား သမားသစ်လိုအပ်တယ်ဆိုတာကိုတော့လက်ခံပါတယ်။ လိုအပ်ချက်အရ အင်အားဖြည့်တင်းမှုအနည်းငယ်လုပ် ဆောင်ဖို့လည်း ရှိပါတယ်” လို့ နည်းပြလမ်းပတ်က ဆိုခဲ့တာပါ။
လက်ရှိသတင်းဖော်ပြချက်အရ ချဲလ်ဆီးအသင်းအနေနဲ့ လိုအပ်ချက်အရ တိုက်စစ်ပိုင်းအတွက်ကိုပဲ အဓိကထား အားဖြည့်ဖို့ရှိနေခဲ့ပြီး ဘာစီလိုနာတောင်ပံကစားသမားကော့တင်ဟိုနဲ့ ဒေါ့မွန်အသင်းရဲ့ အင်္ဂလန်လက်ရွေးစင်တို က်စစ်မှူးဆန်ချိုတို့ကိုပဲ ပစ်မှတ်ထားကမ်းလှမ်းဖို့ရှိနေတယ်လို့လည်း သတင်းဖော်ပြမှုတွေရှိနေခဲ့တာပါ။
ချဲလ်ဆီးအသင်းအနေနဲ့ အခုနှစ်ရာသီအကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးမယ့် ကစားသမားအားလုံးကိုသက် တမ်းတိုးစာချုပ်ချုပ်ဖို့ပြင်ဆင်နေပြီး နည်းပြလမ်းပတ်ကိုယ်တိုင်က လူငယ်ကစားသမားအများစုကိုပဲ ဆက်လက် အသုံးပြုအခွင့်အရေးပေးဖို့ရှိနေတယ်လို့လည်း သုံးသပ်ဖော်ပြမှုတွေရှိနေခဲ့ပါတယ်။