''သေလောက်အောင်ချစ်တယ်'' ဆိုတဲ့ တစ်ကိုယ်တော်အခွေပါ။

ဆုပန်ထွာ ဟာ ‘’သေလောက်အောင် ချစ်တယ်’’ဆိုတဲ့ VCD အခွေထဲမှာ သူတို့ ဇနီးမောင်နှံရဲ့ အမှတ်တရတွေ ပါတယ်လို့ ဆိုပါတယ်။ ဒီအခွေကိုတော့ မေလ ၁၈ ရက်နေ့မှာ ဖြန့်ချိသွားပါမယ်တဲ့။

Photo: Su Pan Htwar

ဆုပန်ထွာက သူမရဲ့ တစ်ကိုယ်တော် တေးစီးရီးဖြစ်တဲ့ ‘’သေလောက်အောင်ချစ်တယ်’’ ဆိုတဲ့ တစ်ကိုယ်တော် တေးစီးရီးကို မေလ ၁၈ ရက်နေ့မှာ ထွက်ရှိတော့မှာဖြစ်ပါတယ်။ ဒီအခွေအတွက် ကြိုးစားခဲ့ရတဲ့အပိုင်းတွေကိုလည်း မီဒီယာတွေကနေတဆင့် ပြောပြခဲ့ပါတယ်။

‘’အစ်မရဲ့ သေလောက်အောင်ချစ်တယ်ဆိုတဲ့ VCD အခွေလေး ၁၈ ရက်နေ့ဆိုရင် ထွက်မယ်။ ဒီအတွက် ကြိုးစားနေရတဲ့အချိန်မှာ ဆင်ဆာထိတာလေးတွေလည်းရှိတယ်။ ဆင်ဆာထိတဲ့ အပိုင်းလေးတွေမှာ ကုန်းပိုးတာလေးတွေ ဘာတွေပေါ့။ အဲဒီကဒ်လေးတွေကို ပြင်ခိုင်းတာပါ။ ထိတဲ့ဟာလေးတွေကို အစ်မတို့ ပြန်ပြင်ပေါ့နော်။ တစ်ကိုယ်တော်အခွေလေးအတွက်ကို အစ်မ တော်တော်လေး အချိန်ပေးနေရတာပေါ့နော်’’ လို့ သူကဆိုပါတယ်။

Photo: Su Pan Htwar

သေလောက်အောင်ချစ်တယ် Audio CD ကတော့ ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့ပြီးဖြစ်ပါတယ်။ ဒီအခွေဟာ ဆုပန်ထွာတို့ ဇနီးမောင်နှံနဲ့ ပတ်သက်တဲ့ အမှတ်တရလေးတွေကိုလည်း ပါဝင်ထည့်သွင်းထားတဲ့ အခွေဖြစ်တယ်လို့ ဆုပန်ထွာက ပြောပါတယ်။

‘’ ဒီအခွေလေးက ၂၀၁၆ ကတည်းက Audio CD လေး ထွက်ထားတာပေါ့နော်။ အခုကျတော့ ၂၀၁၉ တောင်ဖြစ်နေပြီဆိုတော့ ၃ နှစ်လောက်ရှိပြီ။ ဒီ ၃ နှစ်အတွင်းမှာ အစ်မက တောက်လျှောက်ရိုက်ထားတာ တွေလည်းရှိတယ်။ အတူဆုံမယ် ဆိုတဲ့ MTV ဆိုရင် ၂၀၁၅ တုန်းက အစ်မတို့ အမေရိကမှာ မင်္ဂလာဆောင်တုန်းက ရိုက်ထားတဲ့ ရုပ်ကဒ်လေးတွေပေါ့နော်။ အမှတ်တရဖြစ်စေမယ့်အရာလေးတွေ အများကြီးပါတယ်’’ ဆိုပြီးတော့ L’Oreal ပစ္စည်းသစ် မိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာပါ။

Photo: Su Pan Htwar

ခေတ်ရေစီးကြောင်းအရ တစ်ကိုယ်တော်အခွေ ထုတ်ဖို့ဆိုတာ မလွယ်ဘူးလို့ ဆုပန်ထွာက ပြောပါတယ်။ ဒါကြောင့် ‘’သေလောက်အောင်ချစ်တယ်’’ ဆိုတဲ့ သူ့ရဲ့ တစ်ကိုယ်တော်အခွေကို ဈေးနှုန်းသက်သက်သာသာနဲ့ ရောင်းချပေးသွားမယ်လို့ သိရပါတယ်။

‘’ အခုဟာကလေ အခွေတစ်ခွေ ထွက်ဖို့ဆိုတာ ထွက်ရင်လည်း ဘာမှ ပြန်ရမှာမဟုတ်ဘူူးဆိုတာ သေချာတယ်။ အစ်မဆိုရင် အခွေရဲ့နှုန်းထားကအစ အားလုံးဝယ်နိုင်အောင် Promotion နေ့ဆို ၁၅၀၀ နဲ့ပဲ ရောင်းမှာ။ Promotion နေ့ဆိုရင် မေလ ၁၈ ရက်နေ့ နေ့လည် ၃ နာရီ Happy World မှာ အစ်မနဲ့ အနုပညာ မောင်နှမတွေ လက်မှတ်ထိုးပြီးတော့ ရောင်းပေးမယ်။ အားလုံး ဝယ်နိုင်တဲ့ ဈေးလေးနဲ့ သွားချင်တာပေါ့နော်’’ လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

Photo: Su Pan Htwar

ကိုဥက္ကာကျော်နဲ့ ဆုပန်ထွာ(Su Pan Htwar)တို့ ဇနီးမောင်နှံဟာ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ က အမေရိကန်နိုင်ငံ Santa Monica ကမ်းခြေမှာ မင်္ဂလာပွဲပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ၂၀၁၆ ခုနှစ်အတွက်မှာ သားလေး Roar Roar Kyaw လေးကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာတော့ သူတို့ရဲ့ မင်္ဂလာသက်တမ်း၄ နှစ်ပြည့်တော့မှာဖြစ်ပါတယ်။ အခုဆိုရင်တော့ ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားကြပါတယ်။ 

Share

Loading Next Article...
က္က