သူ့ ကစားသမားရဲ့ အိမ်ကွင်းဆို ဂိုးမြူးမှုကို အားကိုးအားထားပြုနေတာပါ။

မန်စီးတီးနည်းပြဂွာဒီယိုလာက အီတီဟတ်မှာ ကစားရမယ့် ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့ဟာ ဟာလန်းအတွက် ပိုမိုလွယ်ကူလိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။ ပထမအကျော့က ဘာနေဗျူးမှာ ဟာလန်းက ခြေစွမ်းပြသနိုင်ခြင်းမရှိခဲ့ဘဲ မန်စီးတီးနောက်ခံလူတွေရဲ့ ထိန်းချုပ်မှုအောက် ရောက်နေခဲ့ကာ တပွဲလုံးမှာမှ ဘောလုံးထိချက် ၂၁ ကြိမ်သာ ရှိခဲ့ပါတယ်။ 

ဒီရာသီမှာ မန်စီးတီးအတွပက် ဟာလန်းက ပြိုင်ပွဲစုံ ၅၁ ဂိုးသွင်းယူထားရာမှာ ၃၅ ဂိုးက အီတီဟတ်မှာ သွင်းယူထားတာဖြစ်ပါတယ်။ ဒါကြောင့် ဒုတိယအကျော့မှာ ဟာလန်းက ခြေစွမ်းပြလိမ့်မယ်လို့ ဂွာဒီယိုလာက မျှော်လင့်နေပြီး ကစားရတာလည်း ပိုမိုလွယ်ကူလိမ့်မယ်လို့ ပြောဆိုသွားခဲ့ပါတယ်။ 

"ကျနော် ရူဒီဂါကို ချီးကျူးပါတယ်၊ ဒါပေမယ့် ဟာလန်းက အသက် ၂၂ နှစ်ပဲရှိသေးတာကို ကျနေ​ော်တို့ မေ့ထားလို့မရပါဘူး၊ ပြီးတော့ သူ့အတွက် ဒါက ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ကို ပထမဆုံးအကြိမ် ကစားရတာပါ၊ ဘာနေဗျူးကို ပထမဆုံးအကြိမ်သွားရောက်ခဲ့ရပြီး အကြီးမားဆုံးပွဲတပွဲပါပဲ၊ ခံစစ်မှူးကောင်းတွေ၊ ကွင်းလယ်လူတွေ၊ တိုက်စစ်မှူးကောငး်တွေရှိတဲ့ ထိပ်တန်းအသင်းကို ရင်ဆိုင်ခဲ့ရပြီး လာမယ့်ပွဲက သူ့အတွက် နည်းနည်းပိုလွယ်ပါလိမ့်မယ်"

"ဗုဒ္ဓဟူးနေ့အတွက် ကျနော်တို့ တွေးထားတဲ့ ပုံစံအတိုင်း တချို့နေရာတွေမှာ နည်းနည်းပိုကောင်းအောင် ကစားနိုင်ရင် သူ့အတွက် ပိုလွယ်ကူလာနိုင်ပါတယ်၊ အဆုံးမှာတော့ ကျနော်တို့ အဲဒီလိုဖြစ်အောင် ကြိုးစားသွားမှာပါ၊ သူက အမျးကြီးတိုက်ပွဲဝင်ခဲ့ပြီးတော့ မက်ဒရစ်မှာလည်း သူ ကောင်းကောင်းလုပ်နိုင်ခဲ့ပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။ 

ဂွါဒီယိုလာဟာ ဒီနေ့ကစားမယ့် အဲဗာတန်နဲ့ပွဲမှာ ဟာလန်းကို အနားပေးထားဖွယ်ရှိတယ်လို့လည်း သိရပါတယ်။ ဟာလန်းကို ရီးရဲလ်နဲ့ ပွဲမှာ လန်းဆန်းနေစေဖို့အတွက် အနားပေးသင့်ကြောင်း အသင်းပိုင်ရှင်တွေဘက်က တောင်းဆိုခဲ့တယ်လို့လည်း သိရပါတယ်။ 


Share

Loading Next Article...
က္က