နည်းပြဆိုးလ်ရှားအနေနဲ့ ရာသီအစကတည်းက ပုံမှန်ခြေစွမ်းပျောက်ဆုံးနေတဲ့အပြင် သွင်းဂိုး၊ ဂိုးဖန်တီးမှုများပါ ကျဆင်းနေတဲ့ လင်ဂတ်ကို ရောင်းထုတ်ဖို့ စီစဉ်နေခဲ့တာပါ။
မန်ချက်စတာယူနိုက်တက် တောင်ပံကစားသမားလင်ဂတ်ဟာအီတလီစီးရီးအေကိုရောက်ရှိနေတဲ့အသင်းဖော် ဟောင်းများထံ အကူအညီတောင်းခံမှုများ၊ စုံစမ်းမှုများပြုလုပ်နေကြောင်း သတင်းထွက်ပေါ်လာခြင်းနဲ့အတူ အေစီမီလန်အသင်းရဲ့ စိတ်ဝင်စားခြင်းကိုပါခံနေရကြောင်း dailymail ရဲ့ဖော်ပြချက်အရ သိရပါတယ်။
လက်ရှိဘောလုံးရာသီတွင် ကြံ့ခိုင်မှုပိုင်းလိုအပ်ချက်ကြောင့် မကြာခဏဒဏ်ရာပြဿနာနဲ့ရင်ဆိုင်နေရတဲ့အပြင် ခြေစွမ်းပိုင်းအရပါ ကျရိပ်ပြလာတဲ့ လင်ဂတ်ကို နည်းပြဆိုးလ်ရှားကိုယ်တိုင်က အသင်းကနေထွက်ခွာဖို့ ခွင့်ပြု ထားပြီးဖြစ်သလို အသင်းအချို့ကလည်း စိတ်ဝင်စားမှုရှိနေကြောင်း သတင်းဖော်ပြမှုတွေရှိထားခဲ့တာပါ။
ပြီးခဲ့တဲ့ ရာသီဝက်အပြောင်းအရွှေ့အတွင်း အသစ်ရောက်လာတဲ့ ဘရူနိုဖာနန်ဒက်စ်ကြောင့် ပုံမှန်ပွဲထွက်ကစား ခွင့်ရဖို့ ရုန်းကန်ရတော့မယ့် လင်ဂတ်အနေနဲ့ ရိုးမားနောက်ခံလူ စမောလင်း၊အင်တာမီလန်တောင်ပံကစားသမား အက်ရှ်လေယန်းတို့ဆီ စုံစမ်းမှုအချို့ပြုလုပ်ခဲ့တယ်လို့ Independent က အခိုင်အမာဖော်ပြခဲ့တာလည်းဖြစ်ပါ တယ်။
ယူနိုက်တက်အသင်းဖော်ပေါ့ဘာရဲ့ အေးဂျင့်ဖြစ်သူ ရွိုင်အိုလာနဲ့လက်တွဲထားတဲ့ လင်ဂတ်ကို ခေါ်ယူလိုတဲ့ ပရီး မီးယားလိဂ်အသင်းအများစုရှိနေပေမယ့် ကစားသမားဖြစ်သူကိုယ်တိုင်က အီတလီစီးရီးအေကို ပြောင်းရွှေ့ဖို့အ တွက် ဆန္ဒှရှိနေခဲ့တာဖြစ်နိုင်တယ်လို့ သုံးသပ်ဖော်ပြမှုတွေရှိနေခဲ့တာပါ။
အာဆင်နယ်အသင်းရဲ့ စိတ်ဝင်စားခြင်းခံနေရတယ်လို့ သတင်းဖော်ပြခြင်းခံထားရတဲ့ လင်ဂတ်အတွက် စီးရီး အေအသင်း ၃သင်းက စိတ်ဝင်တစားစုံစမ်းမှုတွေရှိနေကြောင်း ထုတ်ဖော်ပြောဆိုထားခဲ့ပြီး လက်ရှိအနေအ ထားအရ အေစီမီလန်အသင်းက ရာသီကုန်တွင် တရားဝင်ကမ်းလှမ်းဖို့ ရာခိုင်နှုန်းပြည့်နီးပါးရှိနေခဲ့တယ်လို့ လည်း အီတလီမီဒီယာအများစု ဖော်ပြမှုတွေရှိနေပြန်ပါတယ်။