အသက် ၂၂နှစ်အရွယ် ချီယေဆာကို အီတလီထိပ်သီးကလပ်တွေကလည်း စိတ်ဝင်စားနေပေမယ့် ဖီအိုကတော့ ပြည်တွင်းပြိုင်ဘက်တွေကို ရောင်းချတာထက် ပြည်ပကလပ်တွေကိုသာ ရောင်းချဖို့ ဆန္ဒရှိနေပါတယ်။
အီတလီသတင်းတွေရဲ့ အဆိုအရ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဖီအိုရင်တီးနားတောင်ပံကစားသမား ချီယေဆာကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ ဒီရာသီမှာ ဖီအိုရင်တီးနားအတွက် ပွဲပေါင်း ၃၀ ကစားပေးပြီး ၇ ဂိုးသွင်းကာ ၃ကြိမ်ဖန်တီးပေးထားတဲ့ ကစားသမားကို ဆန်ချိုနေရာအတွက် အစားထိုးမှုအဖြစ် ယူနို်က်တက်က ပစ်မှတ်ထားနေတာလို့လည်း သိရပါတယ်။
ဆန်ချိုအတွက် ဒေါ့မွန်က ပေါင်သန်း ၁၀၀ အထိ အလိုရှိနေပြီး အဆိုပါငွေကြေးကို ပေးချေဖို့ ယူနိုက်တက်ဘက်က တွန့်ဆုတ်နေတယ်လို့ သိရပါတယ်။ ဆန်ချိုကို မခေါ်ယူနိုင်ခဲ့ပါက အခြားရွေးချယ်မှုအဖြစ် ချီယေဆာကို ရွေးချယ်ထားတာဖြစြ်ပီး ပေါင် ၆၁သန်း ပေးချေရဖွယ်ရှိတယ်လို့လည်း သိရသလို ချယ်လ်ဆီးကလည်း ချီယေဆာကို စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။
La Nazione ရဲ့ ဇွန်လနှောင်းပိုင်းမှာ ဖော်ပြခဲ့မှုအရ ယူနိုက်တက်ဟာ ချီယေဆာအတွက် ပေါင် ၄၅သန်းပေးချေဖို့ အသင့်ဖြစ်နေတယ်လို့ သိရပါတယ်။ Corriere Fiorentino သတင်းဌာနက ယူနိုက်တက်နဲ့ ဖီအိုတို့ကြားမှာ ချီယေဆာရဲ့ တန်ဖိုးအတွက် ညှိနှိုင်းမှုတွေက သဘောတူညီမှုရရှိဖို့ အရမ်းနီးစပ်နေပြီဖြစ်ပြီး ပေါင်သန်း ၅၀ နဲ့ အပိုဆုကြေးအနည်းငယ်ပါဝင်မယ်လို့ ဖော်ပြခဲ့ပါတယ်။
အသက် ၂၂နှစ်အရွယ် ချီယေဆာကို အီတလီထိပ်သီးကလပ်တွေကလည်း စိတ်ဝင်စားနေပေမယ့် ဖီအိုကတော့ ပြည်တွင်းပြိုင်ဘက်တွေကို ရောင်းချတာထက် ပြည်ပကလပ်တွေကိုသာ ရောင်းချဖို့ ဆန္ဒရှိနေပါတယ်။ ပိုင်ရှင်သစ်အပြောင်းအလဲရှိလာမယ်လို့ သတင်းတွေထွက်နေခဲ့တဲ့ နယူးကာဆယ်ကလည်း ချီယေဆာကို စိတ်ဝင်စားနေပြီး ဖီအိုအသင်းစီအီးအိုကိုယ်တိုင်က သူ့ကစားသမားကို အင်္ဂလန်ကလပ်တချို့ စိတ်ဝင်စားနေတယ်လို့ အတည်ပြုခဲ့ပါတယ်။