အရိပ်တစ်ခုနဲ့ သစ်ရွက်များလှုပ်သွားတာကို တွေ့လိုက်ရချိန်မှာ ပစ်လိုက်မိတယ်လို့ ဆိုပါတယ်။

အီတလီနိုင်ငံမှာ တောဝက်ကို အမဲလိုက်စဉ်အတွင်း ဖခင်ကို သေနတ်ဖြင့် မှားယွင်းပစ်သတ်မိခဲ့တဲ့ အမျိုးသားတစ်ဦးအား ရဲတပ်ဖွဲ့က လူသတ်မှုဖြင့် စွဲချက်တင်လိုက်ပါတယ်။

(Photo: Getty Images)

အီတလီသတင်းတွေရဲ့ အဆိုအရ အဆိုပါ သားအဖနှစ်ဦးဟာ အီတလီတောင်ပိုင်း Salerno ပြည်နယ်ရှိ Postiglione မြို့ငယ်အနီးရှိ ချုံပုတ်ထူထပ်တဲ့ နေရာတစ်လျှောက် တောဝက်ပစ်ရန် ထွက်ခဲ့ကြတယ်လို့ သိရပါတယ်။ ထို့နောက် လူချင်းခွဲပြီး တောဝက်လိုက်နေစဉ် အသက် ၃၄ နှစ်အရွယ် သားဖြစ်သူက အရိပ်တစ်ခုနဲ့ သစ်ရွက်များလှုပ်သွားတာကို တွေ့လိုက်ရချိန်မှာ သေနတ်ဖြင့် ပစ်လိုက်တယ်လို့ ဆိုပါတယ်။



ပစ်ပြီးပြီးချင်းမှာ မှားသွားကြောင်း ၎င်းက ချက်ချင်းသိလိုက်မိတယ်လို့ ထွက်ဆိုခဲ့ပါတယ်။ တောဝက်နဲ့မှားပြီး ပစ်ခတ်ခံရတဲ့ သက် ၅၅ နှစ်အရွယ် ဖခင်ဖြစ်သူ Martino Gaudioso ကို အသက်ကယ်ရန် မတတ်နိုင်ခဲ့ကြဘူးလို့ သိရပါတယ်။ ထိုဖြစ်ရပ် ဖြစ်ပွားခဲ့တဲ့နေရာဟာ အမျိုးသားဥယျာဉ် နယ်နမိတ်အတွင်းရှိနေပြီး အမဲလိုက်ခြင်းကို တားမြစ်ပိတ်ပင်ထားတဲ့ နေရာလည်းဖြစ်ပါတယ်။

(Map: BBC)

ရဲတပ်ဖွဲ့က သားအဖနှစ်ဦးလုံးရဲ့ ရိုင်ဖယ်သေနတ်တွေကို သိမ်းဆည်းသွားခဲ့ပါတယ်။ အီတလီမှာ Italian League for the Defence of Animals အဖွဲ့အစည်းက အမဲလိုက်မှုကို ကန့်ကွက်မှုတွေ လုပ်ဆောင်နေပါတယ်။ ယမန်နှစ် အောက်တိုဘာလအတွင်းကလည်း ပြင်သစ်နဲ့နယ်စပ်အနီးမှာ အမဲလိုက်နေရင်း အသက် ၁၈ နှစ်အရွယ် ဆယ်ကျော်သက်တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ဖူးပါတယ်။

ထိုလ လကုန်ပိုင်းမှာလည်း အသက် ၅၆ နှစ်အရွယ်နဲ့ အသက် ၂၀ အရွယ် အမျိုးသားနှစ်ဦးတို့ဟာ အလားတူ ဖြစ်ရပ်များအတွင်း သေဆုံးခဲ့ကြောင်း BBC သတင်းက ဖော်ပြထားပါတယ်။ အီတလီ သဘာဝပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးကလည်း အမဲလိုက်ခြင်းကို တစ်နိုင်ငံလုံးမှာ တားမြစ်ပိတ်ပင်ရန် တိုက်တွန်းထားကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က