အီတလီနိုင်ငံတောင်ပိုင်းမှာ ရုတ်တရက် ရေကြီးမှုကြောင့် အပျော်ခြေလျင်ခရီးထွက်သူ ၁၁ ဦးထက်မနည်း သေဆုံးပြီး အခြား လူအချို့ ပျောက်ဆုံးနေကြောင်း သိရပါတယ်။
Photo: EPA
ခြေလျင်ခရီးထွက်သူတွေဟာ အီတလီတောင်ပိုင်း ကာလာဘရီယာဒေသ အမျိုးသားဥယျာဉ်တစ်ခုရှိ လျှိုမြောင်ထဲမှာ လမ်းလျှောက်သွားလာနေစဉ် မိုးသည်းထန်စွာရွာသွန်းပြီး ရုတ်တရက် ရေကြီးမှုတွေ ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။
အသက် ၁၀ နှစ်အရွယ် ယောက်ျားလေးတစ်ဦး အပါအဝင် ၁၈ ဦးကို ကယ်တယ်နိုင်ခဲ့ကြောင်း ဒေသဆိုင်ရာ ပြည်သူ့ကာကွယ်ရေးဌာနာ အကြီးအကဲက အီတလီရုပ်မြင်သံကြား သတင်းဌာနကို ပြောပါတယ်။
Photo: AFP
ယခုဖြစ်ရပ်အတွင်း ဒဏ်ရာရခဲ့သူ ခြောက်ဦးကို ဆေးရုံသို့ပို့ဆောင်ခဲ့ရကြောင်းလည်း သိရပါတယ်။ ရေကြီးမှုအတွင်း ပျောက်ဆုံးနေသူ အရေအတွက် အတိအကျကို မသိရသေးဘူးလို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြောပါတယ်။
ခြေလျင်ခရီးထွက်လာသူတွေဟာ ရေစီးဖြင့်ရိုက်ခတ်ခံရပြီး လွင့်စင်သွားကာ နှစ်မိုင်အကွာခန့်အထိ မျောပါသွားခဲ့ကြတယ်လို့ ဆိုပါတယ်။
Photo: AFP
၎င်းတို့ရှိနေခဲ့တဲ့ လျှိုမြောင်ဟာ အချိန်တိုအတွင်းမှာ ရေများပြည့်လျှံသွားခဲ့ကြောင်း သိရပါတယ်။ အဆိုပါ လျှိုမြောင်နေရာဟာ ကျဉ်းမြောင်းရှည်လျားပြီး အမြင့်ပေ ၃,၂၀၀ ရှိ တောင်တန်းပေါ်မှာ တည်ရှိနေပါတယ်။