(၁၀)ရက်အတွင်း ပြည်ပကပြန်လာသူ ၂၁ဦးမှာ ရောဂါပိုးတွေ့ရှိထားပါတယ်။

COVID -19အတည်ပြုလူနာ နှစ်ဦးထပ်တိုးကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဒီကနေ့ည (၈)နာရီမှာ သတင်းထုတ်ပြန်ခဲ့ပြီး ထပ်တိုးလူနာနှစ်ဦးလုံးက ပြည်ပကပြန်လာတဲ့ သူတွေဖြစ်ပါတယ်။ 

ထပ်တိုးလူနာတွေဖြစ်တဲ့ ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်မှနေထိုင်သူ အသက်(၃၉)နှစ်အရွယ်အမျိုးသားက အီတလီကပြန်လာတာဖြစ်ပြီး နေပြည်တော်ပျဉ်းမနားမြို့မှာ နေထိုင်တဲ့ အသက်(၄၁)နှစ်အရွယ် အမျိုးသမီးက အိန္ဒိယနိုင်ငံကနေပြန်လာတာဖြစ်ပါတယ်။ 



နှစ်ဦးလုံးက မြန်မာနိုင်ငံကို ပြန်ရောက်ရောက်ချင်းမှာပဲ ရန်ကုန်မှာ အသွားအလာကန့်သတ်ထားသူတွေပါ။ ဒီကနေ့ ညနေပိုင်းမှာတော့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဓာတ်ခွဲနမူ (၄၀၂)ဦးကို စစ်ဆေးရာမှာ (၂)ဦးမှာရောဂါပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။ 

မေလ(၁၆)ရက်နေ့ကနေ (၂၅)ရက်နေ့ ထိ ပိုးတွေ့လူနာ (၂၂)ဦးမှာ(၂၁)ဦးက ပြည်ပကပြန်လာတဲ့သူတွေဖြစ်ပြီး မလေးရှားကပြန်လာတဲ့သူတွေထဲက (၁၁)ဦး၊ ယူအေအီးကပြန်လာတဲ့သူတွေထဲက(၈)ဦးနဲ့ ဒီနေ့ ထပ်တိုးလူနာတွေဖြစ်တဲ့ အီတလီပြန်(၁)ဦးနဲ့ အိန္ဒိယပြန်(၁)ဦးတို့မှာ ရောဂါပိုးတွေ့ရှိထားတာဖြစ်ပါတယ်။ 

လေကြောင်းလိုင်းကနေတစ်ဆင့် ပြည်ပကပြန်လာတဲ့သူတွေကိုတော့ နေရပ်ကို တိုက်ရိုက်ပြန်မလွှတ်ဘဲ ရန်ကုန်မှာပဲ အသွားအလာတွေကန့်သတ်စောင်ကြည့်ကာ ဓာတ်ခွဲစစ်ဆေးမှုတွေဆောင်ရွက်ပေးနေတာပါ။ ဒီကနေ့ မေလ (၂၅)ရက်နေ့ ည(၈)နာရီထုတ်ပြန်ချက်အထိ မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာ (၂၀၃)ဦးထိ ရှိထားပြီး ပြန်လာကောင်းမွန်လာသူ (၁၂၃)ဦးရှိကာ သေဆုံးသူ (၆)ဦးရှိပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က