အဝေးကွင်းပရိသတ်တွေဟာ အိမ်ရှင်တွေ ၇၄ မိနစ်မှာ စတုတ္ထမြောက် ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့ပြီးနောက် ဘယ်လိုမှ ပြန်မလာနိုင်တော့တာကို လက်ခံလိုက်ရတာဖြစ်ပါတယ်။

စနေနေ့နေ့လယ်အစောပိုင်းပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်ချက်စတာစီးတီးနဲ့ လီဗာပူးလ်တို့ရဲ့ ပွဲစဉ်မှာ အိမ်ရှင် မန်စီးတီးက ၄-၁ နဲ့ အပြတ်အသတ် အနိုင်ရရှိသွားခဲ့ပါတယ်။

 

ဧည့်သည် လီဗာပူးလ်အသင်းဟာ ပထမပိုင်း ၁၇ မိနစ်မှာ မိုဟာမက် ဆာလားရဲ့ အဖွင့်ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပြီး တာထွက်လှခဲ့ပေမယ့်လည်း ၂၇ မိနစ်မှာ ယူလီယန် အယ်လ်ဗာရက်ဇ်က ချေပဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပြီး ဒုတိယပိုင်းမှာ မန်စီးတီးက ဒီဘရိုင်းနား၊ ဂန်ဒိုဝမ်၊ ဂရီးလစ်ရှ်တို့ရဲ့ ဦးဆောင်ဂိုးတွေကြောင့် ၇၄ မိနစ်မှာပဲ ၄-၁ နဲ့ အပြတ်အသတ် အနိုင်ရရှိနေခဲ့တာဖြစ်ပါတယ်။

 

လီဗာပူးလ်အသင်းဟာ ဒုတိယပိုင်းမှာ မန်ချက်စတာစီးတီးကို ဘယ်လိုမှ ယှဉ်မရဘဲ ပြိုဆင်းသွားခဲ့ပြီး အဝေးကွင်းပရိသတ်တွေဟာ အိမ်ရှင်တွေ ၇၄ မိနစ်မှာ စတုတ္ထမြောက် ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့ပြီးနောက် ဘယ်လိုမှ ပြန်မလာနိုင်တော့တာကို လက်ခံလိုက်ရတာဖြစ်ပါတယ်။

 


အလွန်စိတ်ပျက်နေတဲ့ လီဗာပူးလ်ပရိသတ်တွေဟာ ပွဲပြီးဆုံးတဲ့အထိတောင် ဆက်မကြည့်နိုင်တော့ဘဲ ထပြန်သွားခဲ့ကြတာဖြစ်ပြီး ပွဲကြည့်စင်ပေါ်မှာ ခုံအလွတ်တွေ အများကြီးဖြစ်နေတာကို Mail Online က တွစ်တာလူမှုကွန်ရက်ပေါ်မှာ တင်ထားတဲ့ ဗီဒီယိုထဲမှာ မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။


Share

Loading Next Article...
က္က